အရည်အချင်းရှိတဲ့ ကစားသမားအများအပြားကို လက်လွှတ်ခဲ့ရပေမယ့် ဝင်းဂါးကတော့ ဒီတစ်ယောက်တည်းအတွက်ပဲ နောင်တရနေတာပါ။

အာစင်ဝင်းဂါးဟာ သူ့ရဲ့အာဆင်နယ်နည်းပြဘဝ နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ ကစားသမားပေါင်း (၅၀၀) ကျော်ကို ရောင်းထုတ်ခဲ့ပေမယ့် အဲ့ဒီထဲက ကစားသမားတစ်ယောက်ကိုပဲ နှမြောမိတဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ အာစင်ဝင်းဂါးဟာ (၁၉၉၆) မှာ အာဆင်နယ်ကို စတင်ကိုင်တွယ်ခဲ့ပြီး (၂၀၁၈) နွေရာသီမှာတော့ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။



လက်ရှိအချိန်မှာ အသက် (၇၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးဟာ နောက်ထပ်အသင်းသစ်တစ်သင်းကို ကိုင်တွယ်ဖြစ်ခဲ့ခြင်းမရှိပါဘူး။ သူ့အနေနဲ့ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာမယ့်ကိစ္စကို ငြင်းဆန်ထားခြင်းမရှိပေမယ့် ဘယ်အချိန်မှာ နည်းပြပြန်လုပ်မလဲဆိုတာကတော့ မသေချာမရေရာဖြစ်နေဆဲပါ။

အာစင်ဝင်းဂါးဟာ (၁၉၃၀) နောက်ပိုင်း အာဆင်နယ်အတွက် အအောင်မြင်ဆုံး (၁၀) စုနှစ် တစ်ခုစာကာလကို ဖန်တီးပေးနိုင်ခဲ့တဲ့နည်းပြလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချိန်မှာ အသင်းရဲ့ဘဏ္ဍာရေးကို ထိန်းကျောင်းနိုင်ဖို့ ကြိုးစားရင်း အသင်းကို ပြင်ဆင်အားဖြည့်မှုတွေ မပြုလုပ်နိုင်တော့ပါဘူး။

အဲ့ဒါကြောင့်လည်း နောက်ဆုံးမှာ ပရိသတ်တွေက အာစင်ဝင်းဂါးကို ထွက်သွားဖို့ ဆန္ဒပြရင်း သူကိုယ်တိုင်ကလည်း ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့အာဆင်နယ်နည်းပြ နှောင်းပိုင်းကာလတွေမှာ အသင်းရဲ့ပေါ်လစီအရ အဓိက,ကစားသမားတွေကို ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ ဗန်ပါစီ၊ ဖာဘရီဂတ်စ်တို့အပါအဝင် အရည်အသွေးရှိ ကစားသမားအများအပြားကို လက်လွှတ်ခံရသေးတာပါ။

ဒီလိုမျိုး အာဆင်နယ်နည်းပြဘဝမှာ ကစားသမားရောင်းချခဲ့မှုတွေနဲ့ ပတ်သက်လို့ အာစင်ဝင်းဂါးက “ကျွန်တော်တို့က အာစင်ဝင်းဂါးဆိုတဲ့ကတ်ဒ်ကို အသုံးပြုခဲ့ပြီး ကစားသမားတွေကတော့ သူတို့အတွက် ဆုဖလားတွေ ဆွတ်ခူးနိုင်မယ့်နေရာကို ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အကြီးမားဆုံးနောင်တနဲ့ အရှက်ရဆုံးကတော့ အနယ်လ်ကာကို လက်လွှတ်လိုက်ရတာပါ”

“သူက အသင်းပေါင်း (၁၃) သင်းလောက်အထိ ကစားခဲ့ပေမယ့် ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က