ရော်နယ်ဒိုလည်း ၃ပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ အယ်လ်နာဆာနဲ့အတူ ဖလားတလုံး လက်လွှတ်လိုက်ရပြန်ပြိဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီ King's Cup မှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဖလားတလုံး ဆုံးရှုံးလိုက်ရပြန်ပြီဖြစ်ပါတယ်။ အယ်လ်ဝါဒါအသင်းကို အရေးနိမ့်ခဲ့ရာမှာ ပြိုင်ဘက်အသင်းက ပွဲချိန် ၅၃ မိနစ်မှာ တယောက်ထုတ်ပယ်ခံခဲ့ရပေမယ့် ရော်နယ်ဒိုတို့ တသိုက်ကတော့ ချေပဂိုးပြန်မသွင်းနိုင်ခဲ့ပါဘူး။ 

ဒီပွဲမှာ အယ်လ်နာဆာက ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းချက် ၁၇ ကြိမ်အထိရှိကာ ဂိုးပေါက်တည့်မှု ၆ ကြိမ်ရှိခဲ့ပေမယ့် တဂိုးမှမရခဲ့ပါဘူး။ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲမှာလည်း အယ်လ်အီတီဟတ်နောက် ၃ မှတ်အကွာမှာရှိနေလို့ အယ်လ်နာဆာတို့ ဒီရာသီ ဆုဖလားဆွတ်ခူးနိုင်ပါ့မလားဆိုတာ သံသယဝင်စရာရှိလာခဲ့ပါပြီ။ 

ရော်နယ်ဒိုရောက်လာပြီးနောက်မှာ အယ်လ်နာဆာက ဆော်ဒီစူပါဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး အခု နောက်ထပ်ဖလားပြိုင်ပွဲတခုကနေပါ ထပ်မံထွက်ခဲ့ရတာဖြစ်ပါတယ်။ မနေ့ညက ရှုံးပွဲကတော့ အဆိုးဝါးဆုံးဖြစ်ပြီး ဖလားပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၃ က အသင်းကို ရှုံးနိမ့်ခဲ့ကာ တယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ချေပဂိုးတောင်မှ မသွင်းနိုင်ခဲ့လို့ ပိုစိတ်ပျက်စရာကောင်းခဲ့ရပါတယ်။ 

အယ်လ်နာဆာအတွက် နောက်ဆုံးလက်ကျန်ဖလားမျှော်လင့်ချက်က အမှတ်ပေးဖလားသာရှိတော့ပြီး လက်ကျန် ၄ ပွဲသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ အယ်လ်အီတီဟတ်က တပွဲလျော့ကစားပြီး ၃ မှတ်အသာရထားတာဖြစ်လို့ သူတို့ကစားဖို့ ရှိနေသေးတဲ့ ၅ ပွဲမှာ ၃ ပွဲလောက် အနိုင်ရတာနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ပြီလို့ ပြောနိုင်တော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က