ပရိသတ်တွေက နှိုင်းယှဉ်ချီးကျူးနေခဲ့ကြတာပါ။

အက်စ်တိုးနီယားနဲ့ပွဲမှာ မက်ဆီက တဦးတည်း ၅ ဂိုးအထိသွင်းယူခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ပရိသတ်တွေက အမွှမ်းတင်ချီးကျူးမှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားသမိုင်းမှာ တပွဲတည်း ၅ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀မှာ ဒုတိယအကြိမ်မြောက် သွင်းယူနိုင်မှုလည်း ဖြစ်လာခဲ့တာပါ။ 

မက်ဆီဂိုးသွင်းအပြီးမှာတော့ ပရိသတ်တဦးက "ရော်နယ်ဒိုက အက်စ်တိုးနီးယားနဲ့ ၄ ပွဲကစားခဲ့ပေမယ့် ၅ ဂိုးပဲ ရခဲ့တယ်၊ မက်ဆီကတော့ ၁ ပွဲပဲ ကစားပြီး ၅ ဂိုးရခဲ့တယ်" လို့ ရေးသားခဲ့ပါတယ်။ အခြားသူတဦးကလည်း "မက်ဆီက ဥရောပမှာမမွေးလို့၊ မဟုတ်ရင် သူက နိုင်ငံတကာသွင်းဂိုး ၁၅၀ အထိ ရနေလောက်ပြီ" လို့ ရေးသားခဲ့ပါတယ်။ 

ဒါကတော့ မက်ဆီနဲ့ ရော်နယ်ဒိုပရိသတ်တွေကြေားမှာ မထူးဆန်းတဲ့ ပြိုင်ဆိုင်မှုတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦး ထူးခြားမှုတွေပြုလုပ်ပြီးတိုင်းမှာ ပရိသတ်ကိုယ်စီက ဂုဏ်တုဂုဏ်ပြိုင်တွေ ပြောဆိုချီးမွမ်းနေခဲ့ကြတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက နိုင်ငံတကာသွင်းဂိုး ၁၁၇ ဂိုးအထိ ရရှိထားပြီး မက်ဆီကတော့ ၈၆ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

မက်ဆီက ၅ ဂိုးသွင်းယူခဲ့ချိန်မှာ ရော်နယ်ဒိုကလည်း ဆွစ်ဇာလန်ကို ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒါကြောင့် တရက်တည်းမှာပဲ သူတို့နှစ်ဦးဆီက ဂိုးပေါင်း ၇ ဂိုးအထိကို ပရိသတ်တွေမြင်တွေ့ခဲ့ရပြီး စိတ်က​ျေနပ်စရာလည်းဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း ခြေစွမ်းမကျသေးတဲ့ သူတို့နှစ်ဦးကလည်း တကယ့်ကို ချီးကျူးမှုတွေနဲ့ ထိုက်တန်သူတွေအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။ 


Share

က္က