ရော်နယ်ဒို ဘာစီလိုနာကို ရောက်ဖို့ နီးစပ်ခဲ့တယ်လို့ ပီကေးဖွင့်ဟခဲ့တာပါ။

ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးက လက်ရှိ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၀၉) မှာ ရီးရဲယ်မက်ဒရစ်ကို မပြောင်းရွှေ့ခင် ဘာစီလိုနာကို ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၉) မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့တဲ့ ပေါင်သန်း (၈၀) နဲ့အတူ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ်အတွက် ပွဲပေါင်း (၄၃၈) ပွဲကစား၊ သွင်းဂိုး (၄၅၀) သွင်းယူကာ အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့သလို ရီးရဲယ်မက်ဒရစ် ကစားသမားဘဝနဲ့လည်း ဘာစီလိုနာကို (၁၈) ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးပါတယ်။

ပီကေးဟာ အယ်လ်ကလက်စီကိုပွဲစဥ်တွေမှာ ရော်နယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ် မကြာခဏ ရင်ဆိုင်ခဲ့ရသလို ယူနိုက်တက်မှာလည်း အသင်းဖော်တွေဖြစ်ခဲ့ဖူးတာပါ။ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပီကေးက အခုလိုပဲပြောကြားခဲ့ပါတယ်။

ပီကေးက “ရော်နယ်ဒိုက သူ ရီးရဲယ်မက်ဒရစ်ကို မပြောင်းရွှေ့ခင် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပါတယ်။ ဗီနီရှပ်စ်နဲ့ပုံစံအတူတူပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဗီနီရှပ်စ်ကိုလည်း ပီကေးက ရီးရဲယ်မက်ဒရစ်ထက် ဘာစီလိုနာကိုသာ ရွေးချယ်သင့်တယ်လို့ ပြောကြားခဲ့ဖူးပေမယ့် ဗီနီရှပ်စ်ကတော့ ရီးရဲယ်မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဟာလန်းအတွက် ရီးရဲယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ အပြိုင်အဆိုင်ဖြစ်နေပြီး ပီကေးက ဟာလန်းအနေနဲ့ ဘလွန်းဒီအော်ဆုကို လိုချင်တယ်ဆိုရင် အမ်ဘာပေနဲ့ တသင်းတည်းကို အတူတူမပြောင်းသင့်ကြောင်း၊ သူသာ ဟာလန်းနေရာမှာဆိုရင် ရီးရဲယ်မက်ဒရစ်ကို ပြောင်းမှာ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က