ဆိုးရွားတဲ့ကစားပုံအတွက် တောင်းပန်သွားခဲ့တာပါ။

ဒီရှုံးပွဲကြောင့် ပြောစရာစကားလုံးတောင်မရှိတော့ဘူးလို့ ဘာနာဒိုက ပြောဆိုခဲ့ကာ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်နိမ့်ကျခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 


ဆာဘီးယားကို အရေးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက အသင်းပရိသတ်တွေကို တောင်းပန်စကားပြောဆိုလိုက်ပါတယ်။ သရေကျရုံနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မယ့် ပေါ်တူဂီဟာ ဦးဆောင်ဂိုးလည်းရရှိထားခဲ့ပြီးမှ ချေပဂိုးပြန်ပေးခဲ့ရပြီး မိနစ် ၉၀ မှာ အနိုင်ဂိုးထပ်ပေးခဲ့ရလို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှုနဲ့ ဝေးကွာခဲ့ရပြီး ပလေးအော့ပွဲကစားရတော့မှာဖြစ်ပါတယ်။ 



ဒဏ်ရာပြသနာကြောင့် ဒီပွဲကို မပါဝင်နိုင်ဘူးလို့ သတင်းတွေထွက်နေပေမယ့် ဘာနာဒိုဆေးလ်ဗားက ပွဲထွက်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းကောင်းမပြသနိုင်ခဲ့ဘဲရှိနေခဲ့ကာ ရုန်းကန်ခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် ပြောစရာစကားလုံးတောင်မရှိတော့ဘူးလို့ ဘာနာဒိုက ပြောဆိုခဲ့ကာ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်နိမ့်ကျခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

"ပေါ်တူဂီအတွက်တော့ တကယ့်ဆိုးရွားတဲ့ပွဲဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ ဂိုးစောစောရအောင် ကြိုးစားနိုင်ခဲ့ပေမယ့် သူတို့က ကျွန်တော်တို့ကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်၊ ဒါကို ဖြေရှင်းပြနိုင်မယ့် စကားလုံးတောင် ကျွန်တော်ရှာမတွေ့တော့ပါဘူး၊ စကားလုံးတွေပျောက်နေပါတယ်၊ တကယ့်ကိုဆိုးရွားမှုပါ၊ မတ်လမှာ ပလေးအော့ကစားရတာ့မှာဖြစ်လို့ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ပြီး ခြေစစ်ပွဲအောင်မြင်ဖို့တော့ အကောင်းဆုံးကြိုးစားသွားပါ့မယ်"

"ဒီပွဲကို လာမကြည့်သင့်ဘူးလို့ ပြောပြီး လာရောက်အားပေးခဲ့တဲ့ ပေါ်တူဂီပရိသတ်တွေကို ကျွန်တော်တောင်းပန်ပါတယ်၊ ပွဲကိုလွှမ်းမိုးနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ခဲ့မေယ့်လည်း မအောင်မြင်ခဲ့ပါဘူး၊ ကစားသမားတွေရဲ့ အရည်အသွေးအရ ဒါက လက်ခံနိုင်စရာမရှိပါဘူး၊ ကျွန်တော်လည်း အကန့်အသတ်နဲ့ပဲ ကစားနိုင်ခဲ့ပြီး ကျွန်တော့်နေရာမှာ တခြားကစားသမားဝင်တာက ပိုကောင်းမယ်လို့ ခံစားရတဲ့အချိန်အထိ အကောင်းဆုံးကြိုးစားခဲ့ပါတယ်" လို့ ဘာနာဒိုဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ်။ 

လက်ရှိမှာတော့ ခြေစစ်ပွဲအောင်မြင်ပြီးအသင်းတွေထွက်ပေါ်ခဲ့သလို ပလေးအော့ကစားရဖွယ်ရှိတဲ့ အသင်းတွေအဖြစ် အီတလီ၊ ဆွစ်ဇာလန်၊ ဖင်လန်၊ ယူကရိန်း၊ ဝေးလ်၊ ချက်၊ မြောက်မက်ဆီဒိုးနီးယား (သို့) ရိုမေးနီးယားတွေရှိနေကာ ဒီနေ့ဆက်လက်ကစားမယ့် ပွဲတွေရဲ့ ရလဒ်ပေါ်မူတည်ပြီး ဘယ်အသင်းတွေကစားရမလဲဆိုတာ အဖြေထွက်ပေါ်လာမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က