ဆန်ချိုက လွတ်လွတ်ကျွတ်ကျွတ် သွင်းယူသွားခဲ့တာပါ။

NBC ရဲ့ ရုပ်သံဝေဖန်သုံးသပ်သူ ဟစ်ဂင်ဘိုသမ်က မနေ့ညက လက်စတာနဲ့ပွဲမှာ ရော်နယ်ဒိုသာ ကွင်းထဲရှိနေရင် ဆန်ချိုရဲ့ဒီလိုမျိုးဂိုးကို ပရိသတ်တွေမြင်တွေ့ရမှာမဟုတ်ဘူးလို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ လက်စတာကို ယူနိုက်တက်တို့ ဆန်ချိုရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာ ရော်နယ်ဒိုက ထုံးစံအတိုင်း အရံခုံမှာပဲရှိနေခဲ့တာပါ။



ပထမပိုင်းမှာ ယူနိုက်တက်တို့ တိုက်စစ်ကို လျင်လျင်မြန်မြန် ပုံဖော်ခဲ့ပြီး ဒါလော့ကတဆင့် ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်တို့ကနေ ဆန်ချိုက ပြိုင်ဘက်ဂိုးသမား ဝါ့ဒ်ကိုပါ ကျော်ဖြတ် သွင်းယူသွားခဲ့တာပါ။ ပြိုင်ဘက်ဂိုးသမား ကန်တင်လိုက်တဲ့ ဘောလုံးကတဆင့် ဒါလော့ဘောလုံးရသွားချိန်မှာ ယူနိုက်တက်ကွင်းဘက်ခြမ်းကနေ ဘရူနိုဖာနန်ဒက်စ်ဆီ တိုက်ရိုက်ဘောလုံးပေးပို့ခဲ့ပြီး လက်စတာတို့ ကောင်တာပေါက်သွားသလိုဖြစ်ခဲ့ရပါတယ်။

ဒီဂိုးနဲ့ပတ်သက်လို့ စတုတ်စီးတီးနောက်ခံလူဟောင်းတယောက်လည်းဖြစ်တဲ့ ဟစ်ဂင်ဘိုသမ်က “ဒီဂိုးကြောင့်ပဲ ကျနော်တို့ ရော်နယ်ဒို ကစားတာကို မမြင်တွေ့ရတာလို့ ပြောရမှာပါ။ ဒါက ကျနော် ရော်နယ်ဒိုအပေါ်ကို မလေးစားတာမျိုး မဟုတ်ပါဘူး။ ရော်နယ်ဒိုသာ ကွင်းထဲရှိနေရင် ယူနိုက်တက်တို့ ဆန်ချိုရဲ့ဂိုးကို မြင်တွေ့ရမှာပါ။ ယူနိုက်တက်ရဲ့ ဖိအားပေး ကစားဟန်၊ ပြင်းထန်တဲ့ခွန်အားနဲ့ ကစားသမားသစ်ခေါ်ယူမှုတွေက အသင်းအပေါ် အကျိုးသက်ရောက်မှုရှိနေပါတယ်”

“လီဆန်ဒရိုကလည်း ဗာရန်းနဲ့ ကောင်းကောင်းအတွဲမိနေပြီး ဘယ်နောက်ခံလူနေရာမှာလည်း မာလာစီယာက ပုံစံကောင်းပြနေပါတယ်။ အဲရစ်ဆင်ကလည်း အင်ပြည့်အားပြည့်ကစားခဲ့ပါတယ်။ ဒီတော့ ယူနိုက်တက်အတွက် အရာအားလုံးက တကယ်ကို ကောင်းမွန်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဘရန့်ဖို့ဒ်ကိုလေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးတည်းက လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ပွဲတွေမှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပြီး အရံခုံထိုင်ခဲ့ရပါတယ်။

သူနဲ့အတူ ဖရက်ဒ်၊ မက်ဂွိုင်းရားတို့လည်း နေရာပျောက်ခဲ့ရပြီး ယူနိုက်တက်က ဒီသုံးပွဲလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲအားလုံးမှာတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီး မနေ့ညက လက်စတာနဲ့ပွဲမှာလည်း နောက်ပြန်ကန်ချက်ကတဆင့် ဂိုးရရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။  

Share

Loading Next Article...
က္က