အသင်းတွင်းပြသနာတွေက တဖြည်းဖြည်းဆိုးရွားလာနေပါပြီ။

မန်ချက်စတာဒါဘီပွဲနဲ့ လွဲချော်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်အနာဂတ်ဟာ မသေချာတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ ဒီပွဲမတိုင်ခင်မှာပဲ အသင်းလူစာရင်းမှာ သူ မပါဝင်ဘူးဆိုတာကို ရော်နယ်ဒိုက သိခဲ့ရပြီး ပေါ်တူဂီကိုတောင် ဒေါသတကြီးနဲ့ ပြန်သွားခဲ့တယ်လို့ သိရပြီး နည်းပြရန်းဂ်နစ်ခ်က ဒဏ်ရာအကြောင်းပြခဲ့ပေမယ့်လည်း မဟုတ်မှန်ဘူးလို့လည်း ဆိုပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးနဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည့်၀နေခဲ့ပြီး လေ့ကျင့်ကွင်းမှာလည်း ကောင်းကောင်းပြုလုပ်နိုင်ခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ လက်ရှိမှာ ဒီနေ့ပြုလုပ်မယ့် အသင်းလေ့ကျင့်ခန်းအစီအစဉ်ကိုလည်း ရော်နယ်ဒို လာမှာလား၊ မလာဘူးလားဆိုတာကို သူ့ရဲ့ကိုယ်စားလှယ်ရော၊ ကလပ်အသင်းဘက်ကပါ အတည်မပြုနိုင်ဘူးလို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

မနေ့က ယူနိုက်တက်ကစားသမားတွေကို နားရက်ပေးထားခဲ့တာဖြစ်ပြီး ဒီနေ့မှာ လေ့ကျင့်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ နည်းပြရန်းဂ်နစ်ခ်ကလည်း ကစားသမားတွေအနေနဲ့ ဒဏ်ရာရရှိခဲ့မယ်ဆိုရင် ပြည်ပမှာ ပြန်လည်ထူထောင်ရေးတွေပြုလုပ်ဖို့ထက် ကလပ်အသင်းမှာပဲ အနားယူကုသဖို့ကို အလေးထားပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

တဖက်မှာလည်း ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်နေရတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကလည်း အသင်းကနေထွက်ခွာဖို့ စဉ်းစားနေပြီဆိုပါတယ်။ ရန်းဂ်နစ်ခ်လက်အောက်မှာ အီလန်ဂါကို ပိုမိုအသုံးပြုနေပြီး အင်္ဂလန်တိုက်စစ်မှူးကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ ထားရှိကာ ခြေစွမ်းလည်းမပြနိုင်တဲ့နောက် အခုလိုသတင်းထွက်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို ပီအက်စ်ဂျီက ဘတ်ပီနေရာအစားထိုးဖို့အတွက် ခေါ်ယူချင်နေတယ်လို့လည်း သိရပါတယ်။ ဒီကစားသမားဟာ ပထမဆုံးအကြိမ်အဖြစ် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာခဲ့တာဖြစ်တယ်လို့လည်း နာမည်ကျော်သတင်းထောက် ရိုမာနိုက ပြောဆိုခဲ့ပါတယ်။ 

Share

က္က