ဟာလန်းနဲ့ ဘတ်ပီတို့ ကြီးစိုးနေပြီလို့ သူက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက ရော်နယ်ဒိုနဲ့ မက်ဆီတို့ ခေတ်က ကုန်ဆုံးသွားပြီလို့ ပြောဆိုလိုက်ကာ ဟာလန်းက နောက်ထပ်ခမ်းနားကြိးကျယ်တဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဘလွန်းဒီအောဆုကို နှစ်ဦးပေါင်း ၁၂ ကြိမ်အထိ ရယူနိုင်ခဲ့ကာ ဆယ်စုနှစ် ၂ ခုနီးပါး ဘောလုံးလောကကို လွှမ်းမိုးထားခဲ့သူတွေဖြစ်ပါတယ်။ 

တဦးချင်းဆုတံဆိပ်အများအပြားနဲ့အတူ အသင်းလိုက်အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပြီး ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ရွန်နီကတော့ ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ် ကစားခဲ့သူဖြစ်ကာ သူလည်းပဲ ကစားသမားဘ၀မှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။ 

ရွန်နီက "ဟာလန်းက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားပဲ၊ မက်ဆီကလည်း ခမ်းနားကြိးကျယ်ပါတယ်၊ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ဟာလန်းထက်ပိုကောင်းအောင် မကစားပြနိုင်တော့ပါဘူး၊ ကျနော်ကိုယ်တိုင်လည်း တိုက်စစ်မှူးအနေနဲ့ စံချိန်တွေရိုက်ချိုးနိုင်ခဲ့ပေမယ့် သူ အခုရောက်ရှိနေတဲ့ အဆင့်ကို သတိထားမိပါတယ်၊ သူ့ရဲ့ ကိန်းဂဏန်းတွေ၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ သူပြသနေတဲ့ စိတ်ဓာတ်ပိုင်းက ကမ္ဘာ့အကောင်းဆုံးဖြစ်နေပါတယ်"

"ဒီနှစ် ဘလွန်းဒီအောဆုကို ဘယ်သူရမလဲဆိုတာကိုကြည့်ရင် သူကလွဲပြီးတခြားသူမရှီပါဘူး၊ ဒါကို ဒီရာသီမှာ ဟာလန်းက သက်သေပြပြီးသားပါ၊ ၂၆၄ ပွဲကစားပြီး ၂၂၄ ဂိုးသွင်းယူထားတဲ့ မှတ်တမ်းတခုကို ရထားတဲ့ ကစားသမားကို ဆွဲချလို့မရပါဘူး၊ မက်ဆီနဲ့ ရော်နယ်ဒိုခေတ်ကို ကျနော်တို့ ဖြတ်သန်းခဲ့ရပြီး အခုတော့ သူ့အချိန်ပါပဲ၊ အခုက ဟာလန်းနဲ့ ဘတ်ပီတို့ရဲ့ ခေတ်ပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဟာလန်းကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ၂၈ ပွဲကစားပြီး ၃၂ ဂိုးအထိ သွင်းယူထားကာ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ သေချာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်သစ်ကို ရယူဖို့လည်း သေချာသလောက်ဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က