စပါးနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်ဂ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နည်းပြ ရန်းနစ်ဂ်တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကနေ အခုထိ နှစ်ယောက်အကြား စကားပြောဆိုရခြင်းမရှိသေးဘူးလို့ ရန်းနစ်ဂ်ကိုယ်တိုင်က ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ညမှာ စပါးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာပါ။



အဲ့ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ရန်းနစ်ဂ်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိဘဲ အဲ့ဒီအချိန်မှာ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရှိရပါတယ်။

မန်ချက်စတာဒါဘီမှာ ရော်နယ်ဒိုမပါတဲ့အပေါ် ဒဏ်ရာပြဿနာကြောင့် ဒါမှမဟုတ် ရန်းနစ်ဂ်က ချန်လှပ်ခဲ့တာကြောင့်စသဖြင့် သတင်းအမျိုးမျိုးထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ဒဏ်ရာပြဿနာကြောင့်လို့သာဆိုထားပြီး ရော်နယ်ဒိုကတော့ ကြာသပတေးနဲ့သောကြာမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာ အပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရော်နယ်ဒို ပေါ်တူဂီပြန်သွားတဲ့အပေါ်မှာ ရန်းနစ်ဂ်က “လွန်ခဲ့တဲ့ (၆) ရက် (၇) ရက်လောက်က ကိစ္စတွေကို ပြန်လှည့်ကြည့်နေတာက အဓိပ္ပာယ်မရှိပါဘူး။ အရေးကြီးတဲ့အရာက စပါးနဲ့ပွဲမှာ ဘာဖြစ်မလဲဆိုတာပါ။ ကျနော် ရော်နယ်ဒိုကို အသင်းမှာ ပျော်နေလား၊ မပျော်ဘူးလားလည်း မမေးပါဘူး”

“ဒါပေမယ့် သူ ကြံ့ခိုင်မှုတော့ ပြန်လည်ပြည့်ဝလာပါပြီ။ ကြာသပတေးနေ့က လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ခဲ့ပြီး စပါးနဲ့ပွဲမှာ ဘယ်လိုမျိုး လူစာရင်းကို ပွဲထုတ်မလဲ စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း သူ ကြံ့ခိုင်မှုပြည့်ဝနေပြီဆိုတဲ့အကြောင်းကို အင်စတာဂရမ်ကတဆင့် ပရိသတ်တွေကို အသိပေးထားပြီး စပါးနဲ့ပွဲမှာတော့ ပါဝင်လာဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က