သူစီမံပေးရမယ်လို့ ပြောဆိုခဲ့တာပါ။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာလည်း အရေးမကြီးလှတဲ့ပွဲတွေကိုဆိုရင် ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ အရေးပါတဲ့ပွဲတွေမှာ ကြံ့ခိုင်မှုအပြည့်အဝရှိနေစေဖို့ကိုသာ အာရုံစိုက်ပြင်ဆင်ခဲ့သူဖြစ်ပါတယ်။


နယူးကာဆယ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပြီး ၂ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲတိုင်းကို ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့တကျော့ပြန်ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးပွဲမှာ လူစားလဲဖို့အတွက် ဆိုးလ်ရှားက ပြင်ဆင်ခဲ့ပေမယ့် ငြင်းဆန်ခဲ့ပြီး ကွင်းအတွင်း ပွဲချိန်ပြည့်ကစားပေးခဲ့ကာ ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့ပါတယ်။ 

ဒါပေမယ့် နော်ဝေသားနည်းပြကတော့ သူ့ရဲ့တိုက်စစ်မှူးကို လန်းဆန်းတက်ကြွစေနေဖို့အတွက် သူ့ဘက်က စီမံခန့်ခွဲရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာလည်း အရေးမကြီးလှတဲ့ပွဲတွေကိုဆိုရင် ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ အရေးပါတဲ့ပွဲတွေမှာ ကြံ့ခိုင်မ
ှုအပြည့်အဝရှိနေစေဖို့ကိုသာ အာရုံစိုက်ပြင်ဆင်ခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားက အဆိုပါပုံစံကို အသုံးပြုသွားဖို့ဆန္ဒရှိနေပြီး တတ်နိုင်သမျှ ကစားချိန်လျော့ပါးအောင် သူ လုပ်ရမယ်လို့ဆိုပါတယ်။ 


"ရော်နယ်ဒိုက သူ့ကိုယ်သူအရမ်းဂရုစိုက်တာမို့ သူ မြန်မြန်အားပြန်ပြည့်လာမှာပါ၊ သူ ရာသီကြိုတစ်ခုလည်း ကစားပေးခဲ့ပါသေးတယ်၊ အင်္ဂါနေ့မှာ ယန်းဘွိုင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ရှိနေပါတယ်၊ ကျွန်တော်တို့ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့၊ ဒါပေမယ့်လည်း သူ့ကို လူစားလဲဖို့ဆိုတာက မဖြစ်နိုင်တာမဟုတ်ပါဘူး၊ သူ့အသက် ၃၆ နှစ်ရှိနေပါပြီ၊ ဂရင်းဝုဒ်က ၁၉ နှစ်ပါ၊ ဒီတော့ ပွဲချိန်အပေါ် စီမံရမှုက အတူတူပါပဲ၊ ရော်နယ်ဒိုရဲ့ ပွဲကစားချိန်မိနစ်တွေကိုလည်းပဲ ကျွန်တော်စီမံခန့်ခွဲရမှာပါ" လို့ ဆိုးလ်ရှာက ဆိုပါတယ်။ 

ရော်နယ်ဒိုဟာ အသင်းနဲ့အတူ တစ်ပတ်သာ အတူလေ့ကျင့်ခန်းဆင်းရပြီးနောက် နယူးကာဆယ်နဲ့ပွဲကို ဝင်ရောက်ကစားပေးခဲ့တာဖြစ်ပါတယ်။ "ဗာရာနီနဲ့ ရော်နယ်ဒိုတို့ ရောက်လာချိန်မှာ အားလုံးမျက်ခုံးပင့်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုရင် သူတို့က အနိုင်ရခဲ့သူတွေလေ၊ သူတို့က အရာအားလုံးကို အောင်မြင်မှုရထားခဲ့သူတွေပါ၊ အားလုံးအတွက်ကောင်းတဲ့အရာကတော့ နေရာရဖို့အတွက် ယှဉ်ပြိုင်မှုတွေရှိလာခဲ့ပြီး အဲဒါကိုမြင်ရတာ ကျွန်တော့်အတွက်တော့ တကယ်ကောင်းမွန်ပါတယ်" လို့ ဆိုးလ်ရှားက ထပ်ပြောသွားခဲ့ပါတယ်။ 

Share

က္က