မင်းရဲ့ ပရိသတ်ပါလို့ပြောပြီးတောင်းပေမယ့် မရခဲ့ပါဘူး။

အယ်လ်ဝါဒါအသင်းရဲ့ ကစားသမားတဦးဖြစ်တဲ့ ဂျီအန်ဒေးဗစ်ဘေဂယ်လ်ဟာ အယ်လ်နာဆာနဲ့ပွဲမှာ သူ့အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပါတယ်။ တနင်္လာနေ့က ကစားခဲ့တဲ့ ဆော်ဒီဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲမှာ သူ့ရဲ့ ဂိုးကြောင့် ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘေဂယ်လ်ဟာ ပွဲအပြီးမှာ ရော်နယ်ဒိုရဲ့ ဂျာစီရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ 

အဲဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် ဒေါသထွက်နေတဲ့ ရော်နယ်ဒိုဟာ ဘေဂယ်လ်ရဲ့ ဂျာစီချင်းလဲလှယ်ဖို့ တောင်းဆိုခဲ့မှုကို ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဘေဂယ်လ်က အံ့အားသင့်နေပြီး အသင်းဖော်တွေကို ပြန်လည်အော်ဟစ်နေတဲ့ ရော်နယ်ဒိုရဲ့ အပြုအမူကိုလည်း ကိုယ်တွေ့မြင်ခဲ့ရတာကြောင့် မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နာမည်ကျော်သတင်းဌာန L'Equipe နဲ့ တ​ွေ့ဆုံမှုမှာ သူက "ကျနော်နည်းနည်းလေးတော့ စိတ်ပျက်ခဲ့ရပါတယ်၊ ပွဲပြီးသွားတော့ ငါက မင်းရဲ့ အမာခံပရိသတ်ပါ၊ မင်းရဲ့ ဂျာစီများရနိုင်မလားဆိုပြီး ကျနော်မေးလိုက်ပါတယ်၊ သူက ကျနော့်ကို တချက်လေးတောင်မှ မကြည့်ခဲ့ဘဲ လက်ပဲခါပြခဲ့ပြီး မထီမဲ့မြင်လုပ်ခဲ့သလိုပါပဲ၊ သူ့အသင်းအရေးနိမ့်လို့ သူ စိတ်ပျက်နေမှာကို ကျနော်နားလည်ပါတယ်"

"သူ့ကို ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဘက်ကောင်းတယောက်လို့လည်း ကျနော် သတ်မှတ်ထားတာပါ၊ ဒါပေမယ့် သူ့ရဲ့ အပြုအမူနဲ့ သဘောထားတွေက ကျနော့်ကို အံ့အားသင့်စေခဲ့ပါတယ်၊ ကွင်းထဲမှာတောင်မှ သူက ပေါက်ကွဲပြနေခဲ့တာပါ၊ သူ့အသင်းဖော်တွေကိုလည်း အော်ဟစ်နေခဲ့ပါတယ်၊ ဒါပေမယ့် သူ ဆော်ဒီကို ရောက်လာခဲ့တာက ဆော်ဒီဘောလုံးလောကတွက်တော့ တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်"

"ဆော်ဒီတွေက ဘောလုံးပရိသတ်တွေ၊ သူရောက်လာခဲ့လို့ စွမ်းရည်ရှိတဲ့ ကစားသမားတွေကို ဒီမှာကစားချင်လာအောင် တွန်းအားပေးနိုင်ပြီး ဆော်ဒီဘောလုံးလောက၊ အကယ်ဒမီတွေနဲ့ လေ့ကျင့်ရေးစင်တာတွေလည်း ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က