GOAT ကြီးတယောက်တော့ တိုင်ပတ်နေပါပြီ။

မန်ချက်စတာယူနိက်တက်ကတော့ အသင်းကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုကို လှလှပပတုံ့ပြန်လိုက်ပြီဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးကို သူတို့ဘက်က အဆုံးရှုံးမခံချင်ဘူးလို့ ပြောဆိုထားခဲ့ပေမယ့် ကစားသမားက ထွက်ခွာချင်နေတာကို လက်ခံပေးဖို့ ရှိနေပြီး အငှားနဲ့သာ ထွက်ခွင့်ပေးမှာဖြစ်ပါတယ်။ ဒီလိုထွက်ခွင့်ပေးရာမှာလည်း ယူနိုက်တက်က ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးဦးမှာဖြစ်ပါတယ်။ 

ကစားသမားကို ခေါ်ယူခဲ့စဉ်က သဘောတူညီမှုရရှိထားတဲ့ တနှစ်သက်တမ်းတိုးခွင့်စည်းကမ်းကို ယူနိုက်တက်က အသုံးချကာ စာချုပ်သက်တမ်း ၁ နှစ်တိုးမြှင့်ကာ အငှားချသွားဖို့စီစဉ်လိုက်တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ကစားချင်နေတဲ့ ရော်နယ်ဒိုကို အသင်းက မထွက်အောင် တားဆီမှာမဟုတ်ဘဲ သူတို့လုပ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးဖြစ်အောင် ယူနိုက်တက်က လုပ်သွားဖို့ ရည်ရွယ်နေဟန်ရှိပါတယ်။ 

စာချုပ်သက်တမ်းတိုးမြှင့်ပြီး အငှားနဲ့ တရာသီထွက်ကစားပြီးပါက ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လာရမှာဖြစ်ပါတယ်။ တကယ်လို့သာ လာမယ့်ရာသီမှာ အဲရစ်တန်ဟက်ဂ်ျက ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုက ယူနိုက်တက်နဲ့အတူ ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲကို ဝင်ကစားခွင့်ရမှာလည်းဖြစ်ပါတယ်။ 

ဒီလိုစီစဉ်ထားမှုကို ယူနိုက်တက်က ကစားသမားရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ကို ဆက်သွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ အစီအစဉ်ကိုကြားသိခဲ့ပြီးနောက် ဂျော့မန်ဒက်စ်နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးစလုံး တုန်လှုပ်အံ့အားသင့်ခဲ့ရတယ်လို့သိရပြီး အခုချိန်ထိတော့ ယူနိုက်တက်ဘက်က အဆိုပြုထားမှုအပေါ် ရော်နယ်ဒိုက ပယ်ချတာမျိုးမရှိသေးဘူးလို့လည်း Mirror ကဖော်ပြခဲ့ပါတယ်။ 

ကလပ်စပွန်ဆာတွေကတော့ အသင်းကိုပြန်ရောက်လာပြီး ၁နှစ်အကြာမှာပဲ ရော်နယ်ဒိုပြန်ထွက်ခွာမယ့်အပေါ် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်ထိ အသင်းနဲ့ပူးပေါင်းခြင်းမရှိသေးဘဲ ရာသီကြိုခြေစမ်းပွဲတွေကိုလည်း လွဲချော်ခဲ့ပါတယ်။ ဖာနန်ဒက်စ်၊ ဒါလော့တို့လို ပေါ်တူဂီကစားသမားတွေကတော့ ရော်နယ်ဒိုကို အသင်းမှာ ဆက်နေဖို့အတွက် တိုက်တွန်းနေကြပါတယ်။ 

Share

Loading Next Article...
က္က