ရော်နယ်ဒိုရဲ့အနာဂတ်ကို ပြောကြားခဲ့တာပါ။

ယူနိုက်တက် ကစားသမားဟောင်း ဒဗ္ဗလင်က ရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်နေစရာ ဘာအကြောင်းပြချက်မှမရှိတော့ဘဲ အသင်းကနေ သေချာပေါက် ထွက်ခွာသွားလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်မင်းသားကြီးတပါးလို့ ခေါ်ဝေါ်ထိုက်တဲ့ ရော်နယ်ဒိုဟာ လာမယ့်ရာသီ ယူနိုက်တက်မှာသာ ဆက်နေရင် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရှိမှာမဟုတ်ပါဘူး။



မနေ့က ဘရိုက်တန်ကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဖို့ သေချာသွားခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်လည်း ကွင်းထဲမှာ သူ့အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ရယ်မောနေရုံသာ တတ်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ ပြိုင်ပွဲစုံ (၃၈) ပွဲမှာ (၂၄) ဂိုးသွင်းယူကာ ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝ အဆုံးမသတ်ခင် ချန်ပီယံလိဂ်ဖလား တကြိမ်တော့ ဆွတ်ခူးသွားနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

ဒီလိုမျိုး ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်လို့လည်း ယူနိုက်တက်ကစားသမားဟောင်း ဒဗ္ဗလင်က “ရော်နယ်ဒို ယူနိုက်တက်ကနေ ဘယ်အသင်းကို ပြောင်းမလဲတော့ ကျနော် မသိပါဘူး။ သူ အီတလီ ဒါမှမဟုတ် စပိန်ကို ပြန်မလားပေါ့။ သူ ဘယ်သွားမယ်ဆိုတာတော့ ကျနော် မသိပါဘူး”

“ဒါပေမယ့် ယူနိုက်တက်မှာ ဆက်နေစရာ အကြောင်းတော့ မရှိတော့ပါဘူး။ သူသာ အသင်းက ထွက်သွားရင် ယူနိုက်တက်က အကြီးအကျယ် နစ်နာဆုံးရှုံးမှာပါ။ ဒါပေမယ့်လည်း အရိုးသားဆုံးပြောရရင် သူက ယူနိုက်တက်မှာ ဘာကိစ္စဆက်နေရမှာလဲ။ နည်းပြသစ်က ပေါင်သန်း (၃၀၀) သုံးပြီး ကစားသမားသစ်တွေ ခေါ်မယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ”

“အဲ့ဒီလိုမှ မဟုတ်ရင်တော့ ရော်နယ်ဒို ယူနိုက်တက်ကနေ သေချာပေါက် ထွက်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က