ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။

ကူးစက်ခံရတဲ့ ကစားသမားလေးဦးထဲမှာ ပုံမှန်ကစားခွင့်ရနေသူတွေ ပါဝင်ခဲ့မယ်ဆိုရင် ရန်းဂ်နစ်ခ်အတွက် လူစာရင်းရွေးချယ်မှုက အနည်းငယ်တော့ အခက်အခဲတွေ့ဖွယ်ရှိနေပါတယ်။ 


ကိုဗစ်ကူးစက်ခံရမှုတွေရှိနေခဲ့လို့ ဘရန်ဖို့ဒ်နဲ့ပွဲကို​ ရွှေ့ဆိုင်းခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။ Daily Mail ရဲ့ အဆိုအရ ယူနိုက်တက်ကစားသမားလေးဦးကူးစက်ခံထားရတယ်လို့ သိရပြီး ဘယ်သူတွေလဲဆိုတာကိုတော့ မသိရသေးပေမယ့် လေ့ကျင့်ကွင်းကိုရောက်လာသူတွေထဲမှာ အဓိကကစားသမားအများစု ပါဝင်နေခဲ့ပါတယ်။ 



ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲအဖြစ်ကစားဖို့ရှိနေပြီး အဆိုပါပွဲအတွက် ပြင်ဆင်လေ့ကျင့်နေပြီဖြစ်ပါတယ်။ ဘရန်ဖို့ဒ်နဲ့ပွဲကို ကစားဖို့အတွက် မဖြစ်နိုင်တော့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ဆေးစစ်မှုတွေထပ်မံပြုလုပ်ခဲ့ကာ အခြေအနေကောင်းမွန်ခဲ့တယ်လို့ ယူဆရပြီး အသင်းက ပြန်လည်လေ့ကျင့်နေခဲ့လို့ ပရိသတ်တွေအတွက်လည်း သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ 

ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပထမအသင်းသား ၁၇ ဦးအထိ ရောက်ရှိလာခဲ့ပြီး နည်းပြရန်းဂ်နစ်ခ်၊ နည်းပြအဖွဲ့ဝင်တွေလည်း ရောက်လာခဲ့ကာ ကစားသမားတွေအဖြစ်နဲ့တော့ ရော်နယ်ဒို၊ ဗာရာနီ၊ ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်၊ ကာဗာနီတို့လည်း ပါဝင်ခဲ့တယ်လို့ Mirror က ​ဖော်ပြခဲ့ပြီး အသင်းကထွက်ခွာချင်တယ်လို့ သတင်းတွေထွက်နေတဲ့ အန်သိုနီမာရှယ်လည်း ပါဝင်ခဲ့ပါတယ်။ 

အသ်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဖရက်ဒ်ကိုလည်း မြင်တွေ့ခဲ့ရပြီး ဂိုးသမားဒီဂီယာကလည်း လူမှုကွန်ရက်ပေါ်မှာ လှုပ်ရှားမှုတွေရှိနေခဲ့လို့ အခြေအနေကောင်းတယ်လို့ ယုံကြည်ရကာ ယူနိုက်တက်အနေနဲ့ ဘရိုက်တန်ပွဲကို ကစားဖို့ အင်အားအပြည့်ရှိနေမယ် ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း ကူးစက်ခံရတဲ့ ကစားသမားလေးဦးထဲမှာ ပုံမှန်ကစားခွင့်ရနေသူတွေ ပါဝင်ခဲ့မယ်ဆိုရင် ရန်းဂ်နစ်ခ်အတွက် လူစာရင်းရွေးချယ်မှုက အနည်းငယ်တော့ အခက်အခဲတွေ့ဖွယ်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က