ကစားသမားရဲ့လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတယ်လို့ အကြောင်းပြခဲ့ပါတယ်။

အီတလီစီးရီးအေရဲ့ ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ ရော်နယ်ဒိုကို ခေါ်ယူမလာဆိုပြီး အေးဂျင့်ဂျော့မန်ဒက်စ်က ကမ်းလှမ်းခဲ့မှုကို ငြင်းဆန်ခဲ့ကြတယ်လို့ အီတလီသတင်းဌာနတွေရဲ့ ဖော်ပြမှုကို ကိုးကားပြီး Euro Sport က ပြန်လည်ရေးသားခဲ့ပါတယ်။ ဆန်စီရိုအသင်းနှစ်သင်းအတွက်တော့ ဒီကစားသမားက စျေးကြီးလွန်းတယ်လို့လည်း ယူဆခဲ့ကြတယ်လို့ ဆိုပါတယ်။ 



အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းဟာ နွေရာသီစျေးကွက်အတွင်းမှာ ထိပ်တန်းသတင်းတပုဒ်အဖြစ်နဲ့ ရှိနေခဲ့တာပါ။ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတသင်းဆီကို ပြောင်းရွှေ့ဖို့ ရော်နယ်ဒိုက စိတ်အားထက်သန်နေပေမယ့် လက်ရှိအချိန်ထိတော့ သူ့ကို ခေါ်ယူချင်တဲ့အသင်းမရှိဖြစ်နေပြီး မန်ဒက်စ်က လိုက်ချိတ်ဆက်ပေးနေပေမယ့် ငြင်းဆန်ခံနေရဆဲဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက် ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ပြီး အသင်းမှာ မပျော်မရွှင်ဖြစ်မှုက ပိုများလာတယ်လို့လည်း သိရပါတယ်။ ဘရန်ု့ဖို့ဒ်ကို ရှုံးနိမ့်ခဲ့အပြီးမှာ နည်းပြတန်ဟက်ဂျ်က ကစားသမားတွေရဲ့ နားရက်ကို ဖျက်သိမ်းပြီး နောက်တရက်မှာ လေ့ကျင့်ကွင်းဆီခေါ်ခဲ့ကာ ၈ မိုင်အကွာအဝေးကို ပြေးကာ လေ့ကျင့်စေခဲ့တယ်လို့လည်း သိရပါတယ်။ 

ရော်နယ်ဒိုဟာ လေ့ကျင့်ကွင်းမှာ သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ ရှိနေခဲ့ပြီး စိတ်ပါလက်ပါအမူအယာမရှိခဲ့ဘူးလို့လည်း အသင်းဝန်ထမ်းတွေက ဖွင့်ဟခဲ့ကြပါတယ်။ ရော်နယ်ဒိုက ယူနိုက်တက်မှာ တပတ်လုပ်ခအနည်းဆုံး ပေါင် ၃ သိန်းကျော်ရရှိနေတာဖြစ်ပြီး  အဆိုပါပမာဏက တခြားသောအသင်းတွေအတွက်တော့ မြင့်မားတဲ့လုပ်ခအဖြစ်နဲ့ ရှိနေတာလည်းဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်မှာ ၃ ရာသီကြာ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုက စီးရီးအေအတွေ့အကြုံလည်းရှိနေပေမယ့် မီလန်နှစ်သင်းကတော့ ငြင်းဆန်ခဲ့တာပါ။ အစောပိုင်းမှာ နာပိုလီက စိတ်ဝင်စားခဲ့ပေမယ့် သူတို့ကို တုံ့ပြန်မှုမရှိခဲ့ဘဲ ခေါ်ယူမယ့်အသင်းမရှိမှ လာရောက်ဆက်သွယ်ခဲ့လို့ မခေါ်ယူတော့ဘူးလို့ နာပိုလီဥက္ကဌဒီလော်ရန်တစ်ကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ပြောဆိုခဲ့ဖူးပါတယ်။ 


Share

Loading Next Article...
က္က