ကစားသမားတွေဆီက အစွမ်းကုန်တောင်းဆိုမယ့်သူဖြစ်ပါတယ်။

ရက်ဂ်နစ်ခ်က press offensive နည်းပြတစ်ဦးဖြစ်ပြီး ပြိုင်ဘက်တွေကို press လုပ်၊ဘောလုံးရအောင်ယူပြီး တိုက်စစ်ကိုမြန်မြန်ဆန်ဆန်ပြန်လည်စတင်တဲ့ ကစားဟန်ကို အသုံးပြုနေတာဖြစ်ပါတယ်။ 


ယာယီနည်းပြအဖြစ် လိုက်ဇစ်နည်းပြဟောင်းရက်ဂ်နစ်ခ်ကို ခန့်အပ်ဖို့ ယူနိုက်တက်က သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဒီသတင်းထွက်လာအပြီးမှာ ယူနိုက်တက်ပရိသတ်တွေ ပျော်ရွှင်နေခဲ့ကြပြီး ဂျာမန်ဘောလုံးလောကကို တခေတ်ဆန်းစေခဲ့သူတစ်ဥိးကို ပိုင်ဆိုင်ခဲ့ပြီလို့လည်း ပြောဆိုခဲ့ကြကာ အသင်းကိုရောက်ရှိလာမယ့်အပေါ် ကြိုဆိုခဲ့ကြပါတယ်။



ယာဂင်ကလော့ပ်၊ သောမတ်စ်တူချယ်လ်တို့ရဲ့ ဆရာလို့လည်း ပြောလို့ရသလို နည်းပြတစ်ဦးတင်မဟုတ်ဘဲ အားကစားဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွေကိုပါ လုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဘောလုံးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုကစားရမလဲမဆိုတာကို သိရှိထားသူဖြစ်သလို ကွင်းပြင်ပစီးပွားရေးတွေဘက်ကမှာ ကျွမ်းကျင်နှံ့စပ်သူဖြစ်လို့ စွယ်စုံထူးချွန်သူ ပုဂ္ဂိုလ်တစ်ဦးလို့တောင်မှ ဆိုစမှတ်ပြုခံနေရသူဖြစ်ပါတယ်။ 
ဒါပေမယ့်လည်း သူ နည်းပြအဖြစ်တာဝန်ယူမယ့်သတင်းဟာ ရော်နယ်ဒိုအတွက် စိုးရိမ်စရာဖြစ်လာခဲ့ရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပရော်ဖက်ဆာလို့ နာမည်ပေးခြင်းခံထားရတဲ့ ရက်ဂ်နစ်ခ်က press offensive နည်းပြတစ်ဦးဖြစ်ပြီး ပြိုင်ဘက်တွေကို press လုပ်၊ဘောလုံးရအောင်ယူပြီး တိုက်စစ်ကိုမြန်မြန်ဆန်ဆန်ပြန်လည်စတင်တဲ့ ကစားဟန်ကို အသုံးပြုနေတာဖြစ်ပါတယ်။ 


ဒီအတွက် ကွင်းထဲက သူ့ကစားသမားအားလုံးဟာ ခံစစ်ကစားချိန်မှာရော၊ တိုက်စစ်ကစားချိန်မှာပါ အချိန်ပြည့်လှုပ်ရှားနေရပြီး အကူးအပြောင်းတွေမှာ မြန်မြန်ဆန်ဆန်လိုက်ပါဝင်နိုင်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ Gegenpressing နဲ့ high-intensity ကစားဟန်က ရက်ဂ်နစ်ရဲ့ အစီအစဉ်တွေမှာ အဓိကအကျဆုံးဖြစ်ပြီး ရော်နယ်ဒိုက ဒီနည်းစနစ်ထဲမှာ ပါဝင်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာရှိလာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေထဲမှာ ပြိုင်ဘက်ဆီက ဘောလုံးလိုက်လံလုယူမှုအနည်းဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ ရော်နယ်ဒိုအတွက်တော့ ရက်ဂ်နစ်ခ်ရဲ့ နည်းစနစ်တွေက အခက်တွေ့ဖွယ်ရှိလာမှာ သေချာပါတယ်။ ဒါ့အပြင် ရက်ဂ်နစ်ခ်ရဲ့ ကစားကွက်အတွက် ရော်နယ်ဒိုက အသက်ကြီးမြင့်လွန်းနေပြီဖြစ်ကာ ဂျာမန်သားနဲ့အတူ ဘယ်လိုလက်တွဲအလုပ်လုပ်မလဲဆိုတာက စောင့်ကြည့်ရဖို့ရှိလာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က