နာနီကတော့ လက်ရှိအချိန်ထိ ယူနိုက်တက်ပွဲတွေကို အားပေးနေဆဲလို့ဆိုပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း နာနီက ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယူနိုက်တက်က သူ့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါပေါ်တူဂီသားနှစ်ယောက်ဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးအကြိမ်မှာ အသင်းဖော်တွေဖြစ်ခဲ့ဖူးတာပါ။



လက်ရှိအချိန်မှာတော့ နာနီက မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးမှာ ကစားနေပြီး အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။ The Athletic နဲ့တွေ့ဆုံခန်းမှာ နာနီက သူ့အနေနဲ့ ယူနိုက်တက်ပရိသတ်တစ်ယောက်အဖြစ်ရှိနေဆဲဆိုတာကိုလည်း ပြောကြားခဲ့သေးတာပါ။

နာနီက “ကျနော် ယူနိုက်တက်ကို အမြဲတမ်းအားပေးနေတာပေါ့ဗျာ။ ယူနိုက်တက်ကစားမယ့်ပွဲချိန်တွေမှာ ကျနော် ပွဲကစားဖို့ မရှိရင် သေချာပေါက် ကြည့်ဖြစ်တာပေါ့။ အခု ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်ရောက်နေပြီလေ။ ဒါက တကယ်ကို ထူးခြားကောင်းမွန်တဲ့ အခိုက်အတန့်တွေပါပဲ”

“ခင်ဗျားတို့လည်း သတင်းတွေမှာ တွေ့မှာပဲဗျာ။ သူ ဂျူဗင်တပ်စ်မှာ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကိုပေါ့။ အဲ့ဒီတော့ သူ့အတွက် ယူနိုက်တက်ထက် ပိုကောင်းတဲ့နေရာမရှိတော့ဘူးလေ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို မရောက်ခင် ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ရောက်မယ်လို့ အရင်သတင်းထွက်ခဲ့တာပါ။

ဒါပေမယ့် အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ပြဇာတ်ဆန်ဆန် ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်က ဖြစ်ရပ်တွေအပေါ်မှာလည်း နာနီက “ရော်နယ်ဒိုပြန်လာမယ့်သတင်းတွေက မှန်မယ်ဆိုတာ ကျနော်သိခဲ့ပါတယ်။ ဒီတော့ ကျနော် အများကြီး အံ့အားသင့်နေတာမျိုးမရှိပါဘူး။ ယူနိုက်တက်နဲ့အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ပရိသတ်တွေပြည့်နှက်နေတာကို မြင်ရတာ အမြဲတမ်း စိတ်ဓာတ်တက်ကြွစေပါတယ်”

“သူတို့ရှိနေတာကြောင့် ကွင်းရဲ့အနေအထားက တကယ်ကို အံ့အားသင့်စရာပါ။ အချို့သော အခိုက်အတန့်တွေကို ပြန်လည်အမှတ်ရခွင့်ရှိတာကလည်း တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ နာနီဟာ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားလည်းဖြစ်ခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား (၄) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်တို့အပါအဝင် အဓိကဆုဖလား (၈) လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က