ရော်နယ်ဒိုကို ချီးကျူးခဲ့တာပါ။

ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် (၃၈) နှစ်အရွယ်ကို ကျော်လွန်လာတဲ့အထိ ဂိုးသွင်းခြေစွမ်းပြနေဆဲပါ။



ဒါ့အပြင် အခု (၂၀၂၃) ခုနှစ်အတွင်း ဂိုးသွင်းအများဆုံး ကစားသမား (၅)​ ယောက်စာရင်းထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ လာမယ့် ယူရို - ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲသွားမှာလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး သူ့အသင်းခေါင်းဆောင်နဲ့ ပတ်သက်လို့ မာတီနက်ဇ်က “ရော်နယ်ဒိုက အခုချိန်အထိ အသက် (၁၈) နှစ်အရွယ် ကစားသမားလိုမျိုး ဆာလောင်စိတ် အပြည့်ရှိနေဆဲပါ။ သူက စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ နေရာယူပုံမှန်ကန်ဖို့ အမြဲတမ်း ကြိုးစားနေပြီး သွင်းဂိုးတွေကို ရှာဖွေနေဆဲပါ” လို့ ချီးကျူးသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက်လည်း ဆက်တိုက် ဂိုးသွင်းခြေတွေ့နေတဲ့ ကစားသမားတစ်ယောက်ပါ။ ပေါ်တူဂီဟာ လက်ရှိအချိန်မှာတော့ လာမယ့် (၂၀၂၄) ခုနှစ်၊ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီးဖြစ်ပါတယ်။
ပေါ်တူဂီဟာ တနင်္ဂနွေနေ့ညမှာ ပေါ်တူဂီအတွက် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးသော ယူရိုခြေစစ်ပွဲကို ပါဝင်ကစားပေးခဲ့ပြီလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ အဆိုပါပွဲမှာ ပေါ်တူဂီက အိုက်စလန်ကို ဘရူနိုဖာနန်ဒက်စ်၊ ဟိုတာတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က