ဒီနေ့ကစားသွားဖို့ရှိနေတဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင်မှာ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြိုင်ဘက်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကို ဆက်တိုက်ချီးကျူးမှုတွေပြုလုပ်နေပါတယ်။ ရော်နယ်ဒိုကို ဂိုးသွင်းစက်တစ်လုံးလို့ ချီးကျူးထားတဲ့ ဂွာဒီယိုလာက အခုတခါမှာလည်း ပေါ်တူဂီတိုက်စစ်မှူးဟာ သူ့ရဲ့အသက် ၇၅ နှစ်အရွယ်ထိတောင် ဂိုးသွင်းနိုင်တဲ့လူမျိုးလို့ ပြောဆိုလိုက်ပါတယ်။
"သူ့ဘ၀တလျှောက်လုံးဂိုးတွေသွင်းမယ့်သူပါ၊ သူ့အသက် ၇၅ နှစ်အရွယ်ရှိမယ်၊ အနားယူမယ်၊ ဒါပေမယ့် အသားကင်နေရင်းနဲ့တောင်မှ ဘောလုံးကစားပြီး သူက ဂိုးသွင်းနိုင်မယ့်သူပါ၊ မက်ဆီလို၊ သူ့လိုကစားသမားမျိုးက ဘောလုံးလောကရဲ့ နောက်ဆုံးဆယ်နှစ်အတွင်းမှာ ဂိုးတွေသွင်းပြီးရင်းသွင်းပြီးတော့ အသင်းကို ကူညီပေးခဲ့
ကြသူတွေပါ"
"အဲဒါကပဲ သူတို့ဘာဆိုတာကို ကိုယ်တိုင်ပြောပြနေသလိုပါပဲ၊ သူပြန်ရောက်လာတာ ပရီးမီးယားလိဂ်အတွက် အရမ်းကောင်းပါတယ်၊ ယူနိုက်တက်နဲ့ ခရစ္စတီယာနို၊ ခရစ္စတီယာနိုနဲ့ ယူနိုက်တက်ဆိုပြီး ရှိခဲ့တာပါ၊ တကယ်လည်း သင့်တော်ပါတယ်၊ အဲဒါတွေက အရင်တုန်းကပါ၊ အခုတော့ လက်ရှိနဲ့ ပစ္စုပ္ပန်မှာလည်းဖြစ်လာနိုင်ပါတယ်၊ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့" ဂွာဒီယိုလာက Sky Sports က တဆင့် ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာဒါဘီပွဲကိုတေ့ာ ဒီနေ့မှာ မြန်မာစံတော်ချိန် ည ၇း၀၀ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။