သူ့ကို အသင်းကမထွက်ဖို့တောင်မှ တားမြစ်ခဲ့တယ်လို့ ဝန်ခံလိုက်တာပါ။

အယ်လ်နာဆာကနေ ဘက်ဆီးတပ်စ်ကို သူ ပြောင်းရွှေ့ခဲ့တာဟာ ရော်နယ်ဒိုနဲ့ ဘာမှမဆိုင်ခဲ့ဘူးလို့ ကင်မရွန်းတိုက်စစ်မှူးအဘူဘာကာက ပြောဆိုလိုက်ပါတယ်။ အယ်လ်နာဆာကို ရော်နယ်ဒို ပြောင်းရွှေ့သွားခဲ့ပြီးနောက်မှာ နိုင်ငံခြားသားကစားသမားဦးရေက ပြည့်နေပြီဖြစ်လို့ တဦးကို မဖြစ်မနေ ရောင်းချဖို့ လုပ်ခဲ့ရာမှာ အဘူဘာကာကို ရွေးချယ်ခဲ့တာဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ကာ ရော်နယ်ဒိုကို အပြစ်တင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ 

ကင်မရွန်းအသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ၆ လအထိ ကျန်ရှိနေသေးတာဖြစ်ပြီး ရော်နယ်ဒိုက သူ့ကို အသင်းကမထွက်ဖို့ တားဆီးခဲ့တဲ့အကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် သူ ထွက်ခွာချင်ရတဲ့ အကြောင်းရင်းကို သိပြီးတဲ့နောက်မှာ ရော်နယ်ဒိုက သူ့ကို ဆုံးဖြတ်ချက်ကောင်းကောင်းချမှတ်ဖို့အတွက် အားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

"ကျနော် ရော်နယ်ဒိုနဲ့ စကားနည်းနည်းပြောခဲ့ပါတယ်၊ သူက ကျနော့်ကို အသင်းမှာ ဆက်ရှိနေစေချင်ခဲ့တာပါ၊ ကျနော် မနေတော့ဘူးလို့ သူ့ကို ပြောခဲ့တယ်၊ မိသားစုအကြောင်းပြချက်တွေနဲ့ ကျနော် အယ်လ်နာဆာကနေ ထွက်ခဲ့တာပါ၊ ကျနော့်မိသားစုက ဘယ်မှာလဲလို့ သူ မေးသေးတယ်၊ သူတို့က ပြင်သစ်မှာ၊ ဒါကြောင့် တူရကီကို ပြောင်းချင်တယ်လို့ ကျနော်ပြောခဲ့တာပါ၊ အဲဒါနဲ့ သူက ဒါဆို အဲဒါက မင်းအတွက် ပိုကောင်းတယ်၊ မိသားစုနဲ့ ဝေးကွာနေရင် ပိုပြီးစိတ်ရှုပ်နိုင်တယ်တဲ့"

"ကျနော် တူရကီကလပ်တွေကို ကိုယ်တိုင်ကမ်းလှမ်းခဲ့ပြီး ဘက်ဆီးတပ်စ်လည်း ပါဝင်ခဲ့တာပါ၊ အယ်လ်နာဆာက ကျနော့်ကို ရာသီကုန်တဲ့အထိ ဆက်ရှိနေစေချင်ခဲ့ပေမယ့်လည်း ကျနော် ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်ခဲ့တယ်၊ နည်းနည်းတော့ စိတ်ရှုပ်ခဲ့ရပေမယ့် နောက်ဆုံးမှာ ကျနော့်ကို သူတို့ ထွက်ခွာခွင့်ပေးခဲ့ပါတယ်" လို့ အဘူဘာကာက Canal+ ကတဆင့် ပြောဆိုခဲ့ပါတယ်။ 

အဘူဘာကာကတော့ အယ်လ်နာဆာကို ၂၀၂၁ မှာ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၃၉ ပွဲမှာ ၁၃ ဂိုးသွင်းကာ ၆ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ "အသင်းကနေ ထွက်ခဲ့ချိန်မှာ ကျနော် ဒေါသတော့ နည်းနည်းထွက်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ရူဒီဂါစီယာက သူ့ရုံးခန်းဆီ ကျနော့်ကိုခေါ်ခဲ့ပြီး နိုင်ငံခြားသားကစားသမားတဦးတော့ ထွက်ရမှာပဲ၊ မင်းမဟုတ်ရင် ဥဇဘက်က မာရှာရီပေါ့ဗ်ထွက်ရလိမ့်မယ်လို့ သူ ပြောခဲ့လို့ပါ" လို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။ 


Share

Loading Next Article...
က္က