လာမယ့်ရာသီသစ်မှာ တန်ဟက်ဂျ်က ယူနိုက်တက်ကို ကိုင်တွယ်မှာပါ။

နယ်သာလန်ဂန္ထဝင်ကစားသမားကြီးဗန်ဘက်စတန်က ယူနိုက်တက်နည်းပြသစ်တန်ဟက်ဂျ်အနေနဲ့ ရော်နယ်ဒိုကို ချန်လှပ်ထားစရာအကြောင်း ဘာမှမရှိဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။ ကစားသမားဘက်ကသာ အကောင်းဆုံးခြေစွမ်းကို ပြသနေမယ်ဆိုရင် ဖယ်ထုတ်သွားစရာအကြောင်းမရှိဘူးလို့ ဗန်ဘက်စတန်က တန်ဟက်ဂျ်ကို တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ 

ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ အမှတ်ပ​ေးသွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ပြီး ဟက်ထရစ် ၂ ကြိမ်ရရှိတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ကာ အသက် ၃၇ နှစ်အရွယ်နဲ့ ထိပ်တန်းအဆင့်မှာ ဆက်လက်ကစားပြနေတာလည်းဖြစ်ပါတယ်။ 

ဗန်ဘက်စတန်က "တကယ်လို့ ရော်နယ်ဒိုက နော်ဝှစ်ချ်နဲ့ပွဲတုန်းကလိုမျိုးသာ ကစားနေနိုင်သေးတယ်ဆိုရင်၊ တပွဲကို ပုံမှန် တဂိုး၊ နှစ်ဂိုးအထိ သွင်းနိုင်သေးတယ်ဆိုရင် သူ့ကိုအသင်းကနေ ချန်လှပ်ထားစရာမလိုပါဘူး၊ သူက ကိုယ်ပိုင်အရာတွေကို​ပြုလုပ်ပြီး ကစားနေတဲ့သူပါ၊ သူ့ကို အသင်းမှာ နေရာတနေရာပေးဖို့လိုပါတယ်၊ အသက် ၁၈ နှစ်တုန်းက ရော်နယ်ဒိုဆီကလို တူညီတဲ့အရာတွေကို မရယူနိုင်ဘူးဆိုတာကို တန်ဟက်ဂျ်လည်း စဉ်းစားမိမှာပါ"

"ရော်နယ်ဒိုက အလုပ်ကို ပိုကြိုးစားဖို့ လိုကောင်းလိုပါလိမ့်မယ်၊ ဒါပေမယ့် သူ အားထုတ်နေတယ်ဆိုတာတေ့ာ ကျနော်အာမခံနိုင်တယ်၊ သူ့ဆီကနေ တန်ဟက်ဂျ်က သူလိုချင်တာကို ရအောင် လွှမ်းမိုးချုပ်ကိုင်နိုင်မယ်ဆိုတာကိုလည်း ကျနော်မြင်နေတယ်၊ သူ့ကိုအကြံပေးချင်တာကတော့ မီဒီယာတွေမှာ ပြောနေတာတွေကို နားမထောင်ဖို့ပါ"

"ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ထားပြီးတော့ လေ့ကျင့်ကွင်းမှာပဲ သူ့အလုပ်သူလုပ်ရမှာပါ၊ ပြီးတော့ ယူနိုက်တက်မှာ သူ အရာအားလုံးကို ပြောင်းလဲနိုင်မယ်ဆိုတာလည်း ကျနော်ယုံတယ်" လို့ ပြောဆိုခဲ့ပါတယ်။ တန်ဟက်ဂျ်ကတော့ လာမယ့်ရာသီသစ်မှာ ယူနိုက်တက်နည်းပြအဖြစ် ကိုင်တွယ်တော့မှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က