ရော်နယ်ဒိုကတော့ လက်ရှိမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေပေမယ့်လည်း သူ့ရဲ့ကစားပုံကြောင့် ဝေဖန်ခံနေရပါတယ်။
ယူနိုက်တက်နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က လက်ရှိအသင်းဟောင်းမှာ အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်နေတဲ့ ရော်နယ်ဒိုဟာ ပြေးလွှားလှုပ်ရှားပြနေစရာမလိုတဲ့ ကစားသမားဖြစ်တာကြောင့် ပျင်းရိတယ်လို့ ဝေဖန်စရာမလိုကြောင်း ပြောဆိုလိုက်ပါတယ်။ အသင်းဖော်ဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ ရော်နယ်ဒိုကို ဖာဒီနန်က ကာကွယ်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ လက်ရှိမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေပေမယ့်လည်း သူ့ရဲ့ကစားပုံကြောင့် ဝေဖန်ခံနေရပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ကစားသမားတွေဆီကနေ ဘောလုံးလိုက်လံလုယူမှုမရှိတဲ့အပေါ် ဝေဖန်နေတာဖြစ်ပြီး မှတ်တမ်းတွေအရလည်း ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေထဲမှာ ရော်နယ်ဒိုက ဘောလုံးလိုက်လုမှုအကြိမ်အနည်းဆုံးကစားသမားအဖြစ် ရှိနေပါတယ်။
အသက် ၃၆ နှစ်အရွယ်ကစားသမားနဲ့ ပတ်သက်ပြီး ဖာဒီနန်က "ရော်နယ်ဒိုက အသင်းကို အလှည့်အပြောင်းဖြစ်အောင် ပြုလုပ်ပေးနိုင်သူဖြစ်ပါတယ်၊ ဒါပေမယ့် သူက ခင်ဗျားတို့ပြောနေသလို ဘာလို့မလုပ်ရလဲဆိုတာအကြောင်းရင်းက အဲဒါပါပဲ၊ နားထောင်ပါ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်များများကပြောနေတာကို ကျွန်တော်တွေ့ပါတယ်၊ အဲဒါက ကိုယ့်ကိုကိုယ်အရှက်ခွဲနေတာနဲ့အတူတူပါပဲ"
"ခင်ဗျားရဲ့အသင်းမှာ ရော်နယ်ဒိုလို ကစားသမားတစ်ဦးကို ခေါ်ထားတယ်ဆိုရင်တော့ သူ့ရဲ့အားသာချက်ကို အသုံးချပြီးတော့ ကစားဖို့ တခါတလေမှာ လိုအပ်ပါတယ်" လို့ ဖာဒီနန်ကပြောဆိုသွားခဲ့ပါတယ်။