အသင်းလိုက်ကစားဖို့ကို ရော်နယ်ဒို စိတ်မပါဘူးလို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ နွေရာသီမှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 


ယူနိုက်တက်နောက်ခံလူဟောင်းဒီလေဘလင်းရဲ့ ဖခင်ဖြစ်သူ ဒန်နီဘလင်းက မန်ချက်စတာယူနိုက်တက်အသင်းရုန်းကန်နေရတဲ့ အဓိကအကြောင်းရင်းဟာ ရော်နယ်ဒိုကြောင့်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ နွေရာသီမှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 



ဒါပေမယ့်လည်း ယန်းဘွိုင်းနဲ့ ဗီလာတို့ကို ယူနိုက်တက်အရေးနိမ့်ထားပြီး ကာရာဘောင်ဖလားမှာလည်း ဝက်စ်ဟမ်းကိုရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ စနေနေ့ကလည်း အဲဗာတန်ကို အိမ်ကွင်းမှာ ၁ ဂိုးစီသရေကျခဲ့ပြီးနောက် ယူနိုက်တက်ဟာအခက်တွေ့နေပြီဖြစ်ပြီး ဒန်နီဘလင်းက ရော်နယ်ဒိုကသာ ပြသနာရဲ့ အစစ်အမှန်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ 

ဘလင်းက "ရော်နယ်ဒိုက ဂိုးတွေသွင်းဖို့တစ်ခုတည်းကိုပဲ စဉ်းစားနေတဲ့သူပါ၊ အသင်းက သူတို့ရင်းနှီးကျွမ်းဝင်နေတဲ့ပုံစံမျိုးကစားနေတာကို သူ ခွင့်ပြုမှာမဟုတ်ဘူး၊ ပြီးတော့ အရမ်းလှုပ်ရှားတက်ကြွပြီး ကစားရတဲ့နေရာမျိုးမှာလည်း သူ ကစားဖို့မလိုအပ်ပါဘူး၊ အေးဆေးပဲ ကစားသင့်ပါတယ်၊ ကိုယ့်အတွက်ကိုယ်ကြည့်သလိုမျိုး တခြားကစားသမားတွေကိုလည်း ကြည့်ရမယ်၊ ဒါကို ဘယ်လိုဖြေရှင်းမလဲ၊ ပုံမှန်အားဖြင့် တိုက်စစ်မှူးက ခံစစ်မှူးတစ်ဦးကနေ နောက်တစ်ဦးဆီ ပြေးလွှားနေတာပါ"

"ဒါက ခံစစ်မှူးတွေကြား ဆက်သွယ်ပုံကိုမှားယွင်းစေပါတယ်၊ လက်ရှိမှာ ယူနို်က်တက်က သူတို့ရငး်နှီးကျွမ်းဝင်နေတဲ့ပုံစံနဲ့ ကစားနေတာမဟုတ်ပါဘူး၊ ဘောလုံးလွဲချော်မှုတွေရှိတဲ့အချိန်မှာ ပေါ့ဂ်ဘာက နည်းပြတစ်ယောက်လိုမျိုး ကွင်းထဲမှာ ညွှန်ကြားနေပါတယ်၊ ရော်နယ်ဒို ဒါမျိုးလည်းမလုပ်ဘူး၊ သူ ဂိုးသွင်းဖို့ကိုပဲ စဉ်းစားနေပြီး အခြားသူတွေ ဘောလုံးရယူပြီး သူ့ဆီပေးတာကိုမျှော်နေတာ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ဒါဟာ ရော်နယ်ဒိုအပေါ် သူ့ရဲ့အမြင်ကို ဘလင်းက ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုရောက်လာပြီးကတည်းက အသင်းဂိုးရဖို့အတွက် သူ့ကိုပဲ ဦးတည်ကာကစားနေတာဖြစ်ပြီး ဒီပုံစံမှာ ယူနို်က်တက်က အကျွမ်းတဝင်မရှိဘူးလို့လည်း ဆိုလိုခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က