အလုပ်အတူတွဲလုပ်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ်အဲရစ်တန်ဟက်ဂျ်ကတော့ တိုက်စစ်မှူးရော်နယ်ဒိုနဲ့ပတ်သက်ပြီး သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ မကြာခင်မှာ ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်းမယ့် တန်ဟက်ဂျ်က ရော်နယ်ဒိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အလုပ်အတူတွဲလုပ်ချင်တယ်လို့လည်း ဆိုခဲ့ကာ ကစားသမားအပေါ်ထားတဲ့ သူ့စိတ်ကိုလည်း အားလုံးသိအောင် ပြောသွားခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂီုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး အရေးပါတဲ့သွင်းဂိုးတချို့လည်း ပါဝင်ခဲ့ကာ လက်ရှိအဆင့်မှာ ရပ်တည်နိုင်အောင် သူ့ရဲ့သွင်းဂိုးတွေက အထောက်အကူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

တန်ဟက်ဂျ်က ""ရော်နယ်ဒိုက လူ့ဘီလူးကြီးတကောင်ဖြစ်ပြီး အဲဒီ ဘီလူးကြီးလိုမျိုး သူ လုပ်ပြထားပြီးသားပါ၊ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ ကျနော်မျှော်လင့်တယ်၊ သူက အသင်းအတွက် အရေးပါနေဆဲပါ၊ ပြီးတော့ စွမ်းဆောင်ရည်ကောင်းတွေလည်း သူပြုလုပ်နိုင်ပါသေးတယ်၊ သူနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်" 

"ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေက ကျနော့်အဝတ်လဲခန်းအပေါ်တော့ လွှမ်းမိုးနိုင်မှာမဟုတ်ဘူး၊ ပရီးမီးယားလိဂ်က ဟော်လန်လိဂ်ထက် ပိုကြီးမားလို့ ဝေဖန်တာတွေက ပိုရှိမှာပါ၊ အဲဒါကိုလည်း ကျနော်ကောင်းကောင်းရင်ဆိုင်နိုင်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် လာမယ့်ရာသီမှာလည်း ရော်နယ်ဒိုကို အဓိကကစားသမားအဖြစ် တန်ဟက်ဂျ်က အသုံးပြုသွားမယ်ဆိုတာ သေချာခဲ့ပြီဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိမှာတော့ သူကိုယ်တိုင်ရော၊ တန်ဟက်ဂျ်ကပါ အပြန်အလှန်ချီးကျူးမှုတွေပြုလုပ်ထားလို့လည်း သူတို့နှစ်ဦးကို အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က