တိုက်ဆိုင်တာကတော့ လူကာကူဟာလည်း ယူနိုက်တက်ကစားသမားဟောင်းဖြစ်သလို နှစ်ဦးစလုံးဟာ စီးရီးအေမှာ ဂိုးအပြိုင်အဆိုင်သွင်းနေခဲ့ပြီး ရာသီတစ်ခုတည်းမှာပဲ အင်္ဂလန်ကို ပြိုင်တူရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လူကာကူလောက်တောင်မှ ဂိုးသွင်းနိုင်မှာမဟုတ်ဘူးလို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ပြောဆိုလိုက်ပါတယ်။ အဆိုပါကစားသမားနှစ်ဦးဟာ အသင်းဟောင်းတွေကို ကိုယ်စီပြောင်းရွှေ့လာခဲ့သူတွေဖြစ်ပြီး လက်ရှိမှာ လူကာကူက ချယ်လ်ဆီး ၂ပွဲကစားပေးထားပြီး ၁ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုကတော့ ယူနိုက်တက်ကို စျေးကွက်နောက်ဆုံးနေ့မှာမှ ရောက်ရှိလာခဲ့ပြီး မနေ့ကမှ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။ တိုက်ဆိုင်တာကတော့ လူကာကူဟာလည်း ယူနိုက်တက်ကစားသမားဟောင်းဖြစ်သလို နှစ်ဦးစလုံးဟာ စီးရီးအေမှာ ဂိုးအပြိုင်အဆိုင်သွင်းနေခဲ့ပြီး ရာသီတစ်ခုတည်းမှာပဲ အင်္ဂလန်ကို ပြိုင်တူရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စီးရီးအေရာသီမှာ ရော်နယ်ဒိုက ဂျူဗီအတွက်ကစားပေးခဲ့ပြီး အင်တာတိုက်စစ်မှူးဖြစ်ခဲ့တဲ့ လူကာကူက ငါးဂိုးအထိ အသာရခဲ့ကာ ရွှေဖိနပ်ဆုဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ဒါရင်းဘန့်ကတော့ ချယ်လ်ဆီးတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာတော့ ရော်နယ်ဒိုထက် ဂိုးပိုသွင်းနိုင်မယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။
"လူကာကူကို ကြည့်ကြည့်ပါ၊ ချယ်လဆ်ီးက သူ့ကို ပွဲကစားခိုင်းဖို့ခေါ်ယူခဲ့တာပါ၊ အဲဒါက ကျွန်တော်ပျောက်နေတဲ့ အပိုင်းအစဖြစ်ပြီး လက်ရှိမှာ လူကာကူ ၁-၀ ရော်နယ်ဒိုပါ၊ လူကာကူက ခေါင်းတစ်လုံးသာနေပါတယ်" လို့ ဒါရင်းဘန့်က ပြောဆိုခဲ့ကြောင်း Metro သတင်းဌာနက ဖော်ပြခဲ့ပါတယ်။