မီခေးလ်က ရော်နယ်ဒိုကိုလည်း ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။

ချယ်လ်ဆီးကွင်းလယ်လူဟောင်းဂျွန်အိုဘီမီခေးလ်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို မခေါ်ယူဖို့ သူ့အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။ ရော်နယ်ဒိုကို ချယ်လ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေက စိတ်ဝင်စားနေတာဖြစ်ပြီး ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းထွက်လာချိန်မှာ မီခေးလ်က သတိပေးစကားဆိုလိုက်တာပါ။ 

"ကျနော်က ဘယ်တုန်းကမှ သူ့ပရိသတ်မဟုတ်ခဲ့ဘူး၊ ကျနော့်အတွက် ကစားသမားတဦးက မာနနဲ့အတ္တအရမ်းကြီးနေပြီဆိုရင် အဲလိုကစားသမားကို ကျနော် သဘောမကျတော့ဘူး၊ သူက ကျနော်အကြိုက်ဆုံးကစားသမားတဦးတောင်မှ မဟုတ်ခဲ့ပါဘူး၊ ဒါကြောင့်လည်း ကျနော်က မက်ဆီကို အမြဲတမ်းအားပေးနေတာပေါ့"

"ကျနော်ပြောချင်တာကတော့ တယောက်ယောက်က ဒီလိုအင်တာဗျူးတခုထွက်လာရင် ဘာလုပ်မယ်လို့ ခင်ဗျားစဉ်းစားထားလဲ၊ အဲဒီကစားသမားကို ခင်ဗျားက ဇန်နဝါရီမှာ ခေါ်ယူမယ်ဆိုရင် သူက ဒီလိုမျိုးထပ်လုပ်မှာမဟုတ်ဘူးလို့ ခင်ဗျားထင်နေတာလား၊ ဒီတော့ အသင်းတိုင်းသတိထားသင့်တယ်လို့ ကျနော်ပြောချင်ပါတယ်၊ ဒါပေမယ့် နားထောင်ပါ၊ သူက ရော်နယ်ဒိုပါ၊ အကောင်းဆုံးတွေထဲက တဦးပါ"

"ဇန်နဝါရီမှာ သူ နောက်ထပ်အသင်းတသင်းဆီ ရောက်ပြီး သူ့ကစားသမားဘ၀ကို ဆက်ဦးမှာပါ" လို့ မီခေးလ်က ဆိုပါတယ်။ သူ့ရဲ့ ဆိုလိုရင်းကတော့ ရော်နယ်ဒိုကို ခေါ်ယူမယ်ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ ဆိုလိုတာပါ။ အသင်းသစ်မှာလည်း ဒီလိုမျိုးတွေကို ရော်နယ်ဒို ထပ်လုပ်နိုင်တယ်လို့ သတိပေးခဲ့ပြီး ဒါဟာ ချယ်လ်ဆီးကို ပြန်စဉ်းစားဖို့လည်း မီခေးလ်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

လက်ရှိမှာ ရော်နယ်ဒိုကို ဆော်ဒီကလပ်တွေက ကမ်းလှမ်းထားတယ်လို့ သိရပြီး တပတ်လုပ်ခကို ပေါင်သန်းနဲ့ချီကာ ပေးချေသွာဖို့ အသင့်ရှိနေတယ်လို့လည်း သိရပါတယ်။ 


Share

Loading Next Article...
က္က