ပရိုဆန်မှုနဲ့ ကြိုးစားအားထုတ်ပုံကို ချီးကျူးခဲ့တာပါ။

ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားတာခြေစွမ်းပြနေပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူလုခ်ရှောက သူတို့အသင်းဟာ ရော်နယ်ဒိုကြောင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိလာခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုလို စိတ်ဓာတ်မျိုးက နှစ်ယောက်မရှိနိုင်ဘူးလို့ ချီးကျူးခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ အဝတ်လဲခန်းအတွင်း အတူတူရှိနေတဲ့အပေါ် ကျေနပ်မိတယ်လို့ လုခ်ရှောက ဝန်ခံခဲ့ပါတယ်။ 



ရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ လေ့ကျင့်မှုအပေါ်အာရုံစိုက်မှုတွေကိုလည်း လုခ်ရှောက ချီးကျူးခဲ့ပါသေးတယ်။ ကွင်းအတွင်းမှာလည်း အသင်းတစ်သင်းလုံးကို သန်မာတဲ့ဦးဆောင်မှုမျိုး ပြုလုပ်ပေးနိုင်တယ်လို့ အင်္ဂလန်နောက်ခံလူက ယုံကြည်နေကာ အသင်းဖော်နဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ 


"သူက ကြယ်တစ်ပွင့်ဆိုတာ အားလုံးသိမှာပါ၊ နှစ်အတော်ကြာ သူဘာတွေလုပ်ပြခဲ့လဲ၊ သူနဲ့အတူ အဝတ်လဲခန်းတစ်ခုထဲ အတူတူရှိနေတာက မယုံကြည်င်္နိုင်စရာပါပဲ။ သူ့ရဲ့ အမူအကျင့်တွေကိုလည်း အားလုံးမြင်တွေ့နေမှာပါ၊ သူဘယ်လောက်ထိ ပရော်ဖက်ရှင်နယ်ဆန်လဲဆိုတာကိုလည်း တွေ့ကြမှာပါ၊ ဒါကပဲ နှစ်ပေါင်းများစွာ သူ ထိပ်တန်းအဆင့်မှာ ဘာလို့ရပ်တည်နေရလဲဆိုတဲ့ ရှင်းလင်းတဲ့အချက်ပါပဲ"

"သူ့လို စိတ်ဓာတ်မျိုးက နှစ်ယောက်မရှိပါဘူး၊ သူက အဝတ်လဲခန်းအတွင်းကို တကယ်တိုးတက်လာစေတဲ့သူလို့ ကျွန်တော်ထင်ပါတယ်" လို့ BBC Radio 5 Live ကတဆင့် လုခ်ရှောက ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားတာခြေစွမ်းပြနေပါတယ်။ ယူနိုက်တက်ကတော့ အမှတ်ပေးပွဲမှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ 

Share

က္က