ဘရာဇီးဂန္တဝင်ကြီးက ပြောကြားခဲ့တာပါ။

ဘရာဇီးဂန္တဝင်ကစားသမားကြီး ရီဗယ်လ်ဒိုက ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာနဲ့ စာချုပ်ချုပ်ခဲ့တဲ့အချိန်တုန်းက ရော်နယ်ဒိုတစ်ယောက် အရူးလုပ်ခံခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် သူ့ကို ခေါ်ယူလိုတဲ့ ဥရောပထိပ်တန်းအသင်းမရှိတာကြောင့် ဆော်ဒီကလပ်ကို ပြောင်းရွှေ့ခဲ့ရတာပါ။



ရော်နယ်ဒိုအတွက် အယ်လ်နာဆာက မက်လောက်စရာ ပမာဏနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ‌ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကလည်း ဒါကို လက်သင့်ခံခဲ့ကာ အာရှမြေကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ရော်နယ်ဒိုတစ်ယောက် ဥရောပကို ပြန်လာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

ရီဗယ်လ်ဒိုကလည်း “တစ်ခါတလေမှာ ကစားသမားတွေက တန်ကြေးကြီးမားတဲ့ စာချုပ်တွေနဲ့ အရူးအလုပ်ခံရတာကို ကျွန်တော် နားလည်ပါတယ်။ ဆော်ဒီမှာ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေလိုပေါ့။ ဒါပေမယ့် အဲ့ဒီမှာ ဘဝက ပိုပြီး ကျဥ်းကျပ်သွားပြီး ဘောလုံးဆိုတာမျိုးက မျှော်လင့်ထားတဲ့အတိုင်း အမြဲတမ်း လွယ်ကူနေတာမျိုးတော့ မဟုတ်ပါဘူး”

“ဒီတော့ ခင်ဗျား စိတ်ပျက်စရာအနေအထားတွေကို ဖြတ်ကျော်ကောင်း ဖြတ်ကျော်ရနိုင်ပြီး ဒီအတွက် တန်ပြန်သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ နေရတာ မပျော်တဲ့ဘဝထဲကို ပိုက်ဆံ‌ပေါင်းထည့်လိုက်ရုံပါပဲ။ ရော်နယ်ဒိုသာ ရီးရဲလ်မက်ဒရစ်ကို ပြန်လာပြီး သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်မယ်ဆိုရင် သူ့အတွက်ရော၊ ဘောလုံးလောကအတွက်ပါ ကောင်းနိုင်ပါတယ်”

“ပရိသတ်တွေအနေနဲ့လည်း ရော်နယ်ဒိုဆီက သူ့အသက် (၂၅) နှစ်၊ (၂၆) နှစ်တုန်းကလိုမျိုး တူညီတဲ့အရာတွေကို လုပ်ပြဖို့ မမျှော်လင့်နိုင်တာကို နားလည်ထားရပါမယ်။ ဒါပေမယ့် သူက အသင်းကို အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်ဆဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖို့အတွက်လည်း ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဥက္ကဌ ပီရက်ဇ်ကတော့ ရော်နယ်ဒိုကို ကစားသမားတစ်ယောက်အနေနဲ့ ပြန်လည်ခေါ်ယူလိုခြင်းမရှိဘဲ အခြားသော ရာထူးတစ်ခုခုနဲ့ဆိုရင်တော့ အချိန်မရွေး ကြိုဆိုနေတယ်လို့ သတင်းရင်းမြစ်အချို့က ဆိုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က