ရော်နယ်ဒိုက တခါမှ ယူရိုပါလိဂ်မကစားခဲ့ဖူးပါဘူး။

ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းကိုစွန့်ခွာမယ့် ရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေရှိနေတာနဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်က ရော်နယ်ဒိုကို ရောင်းချတော့မှာဖြစ်ပြီး ချဲလ်ဆီးကလည်း ရော်နယ်ဒိုအတွက် ကြိုးစားသွားဖို့ရှိပါတယ်။



အသင်းအခြေအနေဆိုးချိန်မှာ ထွက်ခွာဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒိုကို ယူနိုက်တက်ပရိသတ်အချို့က ဝေဖန်နေကြပြီး ဖာဒီနန်ကတော့ ရော်နယ်ဒိုဘက်က အခုလို ကာကွယ်ပေးခဲ့ပါတယ်။ “ခင်ဗျားတို့ အခု ရော်နယ်ဒိုအကြောင်းပြောနေကြပြီ။ ဒါပေမယ့် ရော်နယ်ဒို ယူနိုက်တက်မှာမပျော်ရွှင်ဘူးဆိုတာက ဘာကြောင့် ကြီးကျယ်တဲ့သတင်းဖြစ်နေရတာလဲ”

“ယူနိုက်တက်မှာဖြစ်နေတာတွေအပေါ် သူ ဘယ်လိုမှမပျော်နိုင်ပါဘူး။ ကစားသမားတိုင်းက ပွဲနိုင်ချင်တယ်၊ ချန်ပီယံဆုဖလားတွေ ဆွတ်ခူးချင်ကြပါတယ်။ ဆုဖလားတွေ ဆွတ်ခူးနေကျ၊ နှစ်တိုင်းနှစ်တိုင်း ဇယားထိပ်မှာ တိုက်ပွဲဝင်နေကျ ကစားသမားက အခု ရုတ်တရက်ကြီး အဲ့ဒီလိုအခြေအနေမျိုးမရှိတော့ပါဘူး။ အသင်းက ချန်ပီယံလိဂ်တောင်မဝင်တော့ဘူးလေ”

“ဒီတော့ အဲ့ဒါကိုထိုင်ပြီး ပျော်ရွှင်ဝမ်းသာနေမှာကို မျှော်လင့်လို့မရပါဘူး။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဝင်ခွင့်မရတာနဲ့ ပတ်သက်လို့ မပျော်ရွှင်ပါဘူး။ သူ့ဘဝမှာ ယူရိုပါလိဂ်လို သီချင်းသံမျိုးကို သိတောင်သိမှာမဟုတ်ပါဘူး။ အဲ့ဒီသီချင်းဖွင့်တဲ့အချိန်ကျရင် သူက ငါဒီမှာ ဘယ်လိုအကမျိုး ကရမလဲလို့ တွေးရင်တွေးနေမှာပါ” လို့ ဖာဒီနန်က ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီလိုမျိုး ရော်နယ်ဒို တကျော့ပြန်ရောက်လာချိန်မှာလည်း ဖာဒီနန်က သူ့ရဲ့ဆိုရှယ်မီဒီယာကတဆင့် ပြုံးပြုံးကြီး အောင်ပွဲခံပြခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတနှစ်ကျန်နေသေးပေမယ့် အခုနွေမှာတင် အသင်းကထွက်ခွာဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က