အသင်းမှာဆက်နေချင်တယ်ပြောပြီးမှ အင်တာဗျူးထလုပ်ပြီး ထွက်သွားတာလို့ ဆိုတာပါ။

ရော်နယ်ဒိုက သူ့ကို နောက်ကျောဓားနဲ့ထိုးခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂျ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကနေ ရုန်းထွက်ဖို့အတွက် အဆင်မပြေဖြစ်နေတဲ့ ရော်နယ်ဒိုက သူ့ကိုအသုံးချခဲ့တာလို့ တန်ဟက်ဂျ်က ယူဆနေပြီး ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမလုပ်ခင်အထိ စောင့်ဆိုင်းခဲ့ကာ သူ့ကို နောက်ကျောဓားနဲ့ထိုးနေခဲ့တာလို့ ဆိုခဲ့တာပါ။ 

ကမ္ဘာ့ဖလားကာလအတွင်း အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ တန်ဟက်ဂျ်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက သူ့ရဲ့ ရည်ရွယ်ချက်တွေကို မန်နေဂျာဖြစ်သူကို ပြောဆိုခဲ့ခြင်းမရှိခဲ့ဘူးလို့လည်းဆိုပါတယ်။ 


"နွေရာသီတုန်းက ကျနော်တို့ စကားပြောခဲ့ကြတယ်၊ သူ ကျနော့်ရုံးခန်းကို ရောက်လာပြီးတော့ ကျနော်အသင်းမှာဆက်နေချင်တယ်ဆိုရင် ၇ ရက်အတွင်း ပြန်ပြောပေးမယ်လို့ ပြောခဲ့တယ်၊ ပြီးတော့ သူ ပြန်လာခဲ့ပြီး အသင်းမှာ ဆက်နေချင်တယ်တဲ့၊ အဲဒီနောက် အင်တာဗျူးမတိုင်ခင်အထိ သူ အသင်းကထွက်ချင်တယ်ဆိုပြီး ပြောတာကို ကျနော်လုံး၀မကြားခဲ့ရဘူး၊ သူ ထွက်သွားချင်တယ်လို့ တခါမှကို မပြောဖူးဘူး"

"အသင်းအနေနဲ့ ဒီအင်တာဗျူးကို လက်မခံနိုင်ဘူးလို့ ကျနော်ကတော့ ထင်တယ်၊ အကျိုးဆက်တွေရှိတယ်ဗျ၊ ဘာတွေဖြစ်လာမလဲဆိုတာကို သူလည်းသိတယ်၊ ကျနော်တို့လည်း ဘာမှဆွေးနွေးစရာမရှိဘူးလေ၊ ဒါက ရှင်းနေတာပဲ၊ ရစ်ချတ်အာနိုးလ်၊ ဘောလုံးဒါရိုက်တာဂျွန်မာတော့ဂျ်နဲ့ ကျနော်တို့က သူ့ကို အသင်းကထွက်ဖို့ကိုပဲ ဆန္ဒရှိတော့တာပဲ"

"ကျနော့်ကို လှည့်စားခဲ့တဲ့ ကစားသမားကို ခွင့်လွှတ်နိုင်မလားဆိုတော့ ဒီအခြေအနေမှာ ကျနော်မဖြေချင်ပါဘူး၊ သူနဲ့ စကားပွင့်ပွင့်လင်းလင်းပြောနေတာပဲလေ၊ သူ့ဘက်ကဘာလို့မလုပ်ခဲ့တာလဲ၊ ကျနော့်ဘက်ကတော့ အရာရာတိုင်းကို ရိုးသားပွင့်လင်းမြင်သာစွာနဲ့ လုပ်ခဲ့ပြီး သူနဲ့စကားပြောဖို့လည်း ပြသနာမရှိခဲ့ပါဘူး၊ သူ့ကို ကျနော်က အသင်းမှာဆက်ရှိနေစေချင်ခဲ့ပေမယ့် သူက ထွက်သွားချင်နေတယ်"

"ကစားသမားတယောက်က ဒီအသင်းမှာမနေချင်ဘူးဆိုရင် သူ ထွက်သွားရမှာ သေချာပါတယ်၊ ဒါက ရှင်းရှင်းလေးပဲ၊ ကျနော်တို့က ယူနိုက်တက်အတွက် အနာဂတ်သစ်တခုလိုချင်နေပြီး သူက အစိတ်အပိုင်းတခုနဲ့မပါဝင်ချင်ခဲ့ဘူး၊ ကျနော်တို့က ဆက်သွားရမှာပါပဲ၊သူက တခြားလမ်းကြောင်းတခုကို ရွေးချယ်ခဲ့ပါတယ်၊ သူနဲ့အလုပ်တွဲလုပ်ချင်လို့ မတူကွဲပြားတဲ့နည်းလမ်းတွေကို ကျနော်သဘောကျခဲ့ပါတယ်၊ သူကတော့ တခြားလမ်းကို ရွေးသွားခဲ့ပါတယ်" လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။ 


သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ။

Share

Loading Next Article...
က္က