ရော်နယ်ဒိုက သရုပ်ပြပွဲ ပါဝင်ကစားခဲ့တာပါ။

ရော်နယ်ဒိုက ဘောလုံးလောကမှာတင် မဟုတ်ဘဲ တင်းနစ်အားကစားမှာပါ ထာဝရအကောင်းဆုံး ကစားသမားအဖြစ် သက်သေပြနေပြီလို့ သူ့ရဲ့ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပြုခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ စင်ကာပူနိုင်ငံကို ရောက်ရှိနေချိန်မှာ သရုပ်ပြပွဲအဖြစ် တင်းနစ်ဝင်ကစားခဲ့တာပါ။



ရော်နယ်ဒိုအနေနဲ့ စင်ကာပူနိုင်ငံကို ပရဟိတရန်ပုံငွေ ခရီးစဥ်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့အနေနဲ့ လူငယ်တွေနဲ့အတူ တင်းနစ်ကွင်းထဲမှာ ဓာတ်ပုံအတူတကွ ရိုက်ကူးခဲ့သလို ပက်ဒဲလ်တင်းနစ်သရုပ်ပြပွဲကို ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒီအားကစားနည်းဟာ လက်ရှိအချိန်မှာ တဟုန်ထိုး တိုးတက်လာခဲ့တဲ့ အားကစားနည်းလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီသရုပ်ပြပွဲမှာ တင်းနစ်ရက်ကတ်ကို သက်သောင့်သက်သာပဲ ကိုင်တွယ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒါက သူ့ရဲ့ခြေထောက်နဲ့ ဘောလုံးကို ထိန်းပြနေသလိုမျိုးဖြစ်ကြောင်း မီဒီယာအချို့က အမွှန်းတင်ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူ ကစားနေတဲ့ ဗီဒီယိုကလည်း ပရိသတ်တွေကြားမှာ ရေပန်းစား ကျော်ကြားနေပါတယ်။


ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ “ရော်နယ်ဒိုကတော့ အခုကတည်းက ပက်ဒဲလ်တင်းနစ်ရဲ့ ထာဝရအကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်နေပြီ” “သူက ဒီအားကစားနည်းမှာတောင် GOAT တစ်ယောက်ပဲ” “GOAT ကြီးကတော့ သူသာ စိတ်နှစ်လိုက်ရင် အရာအားလုံးမှာ ကမ္ဘာ့အကောင်းဆုံးပဲ” လို့ အသီးသီး မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။ 

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာအတွက် ကစားပေးနေပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် (၁၆) ပွဲ ကစား၊ (၁၄) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အခု နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပကို ပြန်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့ ဆော်ဒီမှာသာ ဆက်နေမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က