အင်စတာဂရမ်ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ နော်ဝှစ်ချ်နဲ့ပွဲအပြီးမှာတော့ ယူနိုက်တက်လူငယ်ကြယ်ပွင့်ဂါနာချိုဟာ ရော်နယ်ဒိုယူလာခဲ့တဲ့ ဟက်ထရစ်အမှတ်တရဘောလုံးကို သူ့ကိုပေးဖို့ သွားရောက်တောင်းဆိုခဲ့ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းလူစာရင်းမှာပါဝင်ခဲ့ပေမယ့် ကစားခွင့်မရခဲ့ဘဲ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရတာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကလည်း သူ့အတွက် အမှတ်တရယူလာခဲ့တဲ့ဘောလုံးကို အသင်းဖော်လူငယ်ကစားသမားဆီ သဘောထားကြီးစွာနဲ့ ပေးခဲ့ပါတယ်။ ဂါနာချိုကတော့ ကလပ်အသင်းမှာ ရော်နယ်ဒို၊ လက်ရွေးစင်နိုင်ငံအသင်းမှာ မက်ဆီနဲ့အတူ တွဲဖက်ကစားခွင့်ရရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး နာမည်ကျော်ကစားသမားနှစ်ဦးစလုံးနဲ့ တွဲဖက်ကစားရတဲ့ ကစားသမားအနည်းငယ်ထဲက တဦးဖြစ်လာခဲ့ပါတယ်။


ရော်နယ်ဒိုဆီက ဘောလုံးရရှိအပြီးမှာတော့ ဂါနာချိုက "ရော်နယ်ဒို၊ ခင်ဗျားက ထာ၀ရအကောင်းဆုံးကစားသမားပါ" လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဒီပြောဆိုမှုကို အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးဟောင်းအဂူရိုက မှတ်ချက်ဝင်ပေးခဲ့ရာမှာတော့ ဂါနာချိုတယောက် ငိုရခက်၊ ရယ်ရခက်ဖြစ်ခဲ့ရပါတော့တယ်။ 


အဂူရိုက "ဘာလို့လဲဆိုတော့ မင်းက လီယွန်နယ်မက်ဆီနဲ့ တွဲမကစားရသေးလို့လေ" ဆိုပြီး ရေးသားခဲ့တာပါ။ ဆိုလိုတာကတော့ မက်ဆီနဲ့ တွဲမကစားဖူးသေးတဲ့အတွက် ရော်နယ်ဒိုကို ထာ၀ရအကောင်းဆုံးကစားသမားလို့ မင်း ထင်နေတာလို့ အဂူရိုက ပြောဆိုခဲ့တာပါ။ အဂူရိုကတော့ မက်ဆီနဲ့ အသင်းဖော်တဦးတင်မဟုတ်ဘဲ ညီအကိုလိုခင်မင်ရင်းနှီးသူဖြစ်ကာ အခွင့်ကြုံချိန်မှာ သူ့ သူငယ်ချင်းကို အမွှမ်းတင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က