အခုလည်း နောက်တကြိမ် လှောင်ပြောင်ခဲ့ပြန်ပါတယ်။

အယ်လ်နာဆာက အယ်အဒ်လာကို အနိုင်ရခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ ရော်နယ်ဒိုက ၂ဂိုးသွင်းယူခဲ့ပြီးနောက် သူ့ရဲ့မိတ်ဆွေကြီး ပီယာ့စ်မော်ဂန်ကတော့ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုက ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကို ပေါ်တူဂီအတွက် သွားကစားပေးခဲ့ပြီး ၂ပွဲကစားခဲ့ရာမှာ ၁ပွဲကို ၂ဂိုးနှုန်းသွင်းပေးခဲ့သလို အယ်လ်နာဆာအတွက်လည်း ၂ ဂိုးအထိ သွင်းပေးခဲ့တာပါ။ 

အယ်လ်နာဆာအတွက် သူက ဆော်ဒီလိဂ်မှာ ၁၁ ဂိုးအထိ ရသွားခဲ့ပြီဖြစ်ကာ ဗြိတိန်နာမည်ကျော် Broadcaster ကြီး ပီယာ့စ်မော်ဂန်က သူ့ကို ချီးကျူးသွားခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်လည်းဖြစ်တဲ့ မော်ဂန်က တွစ်တာကတဆင့် ရေးသားချီးကျူးခဲ့ရင်း တဖက်မှာလည်း မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂျ်ကို အပြစ်တင်လှောင်ပြောင်မှုတွေကို လုပ်သွားခဲ့ပါတယ်။ 



မော်ဂန်က "ဒီညမှာ ခရစ္စတီယာနိုအတွက် နောက်ထပ် သွင်းဂိုးနှစ်ဂိုးပဲ၊ တဂိုးကတော့ အရမ်းကိုကောင်းမွန်ခဲ့ပြီး သူ့ကို အသင်းကထွက်ခွာစေပြီး ဝက်ဂ်ဟော့စ်ကို ခေါ်ယူခဲ့တဲ့ တန်ဟက်ဂျ်ရဲ့ ဆုံးဖြတ်ချက်က ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံးတွေထ​ဲက တခုပဲ" လို့ ရေးသားသွားခဲ့တာဖြစ်ပါတယ်။ 

တန်ဟက်ဂျ်ဟာ သူ့ရဲ့ ကစားဟန်နဲ့ နည်းစနစ်တွေမှာ အံမဝင်တဲ့ ရော်နယ်ဒိုကို အရန်ကစားသမားအဖြစ်နဲ့သာ ယူနိုက်တက်မှာ အသုံးပြုခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့နောက် ရော်နယ်ဒိုက မော်ဂန်နဲ့ သီးသန့်အင်တာဗျူးပြုလုပ်ခဲ့ပြီး အသင်းနဲ့ သူ့ကြားမှာ အငြင်းပွားမှုတ​ွေဖြစ်ခဲ့ကာ ရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

အဲဒီအချိန်ကစလို့ မော်ဂန်က ရော်နယ်ဒိုခြေစွမ်းပြတိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို လှောင်ပြောင်ခဲ့သလို အဲရစ်တန်ဟက်ဂျ်ကိုလည်း မထိတထိတွေ ထိပါးပြောဆိုနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တဦးဖြစ်တဲ့ မော်ဂန်အတွက် ယူနိုက်တက်ကို တိုက်ခိုက်တာက ပြသနာမရှိပေမယ့် ရော်နယ်ဒိုနဲ့ပတ်သက်ပြီးတော့ အငြိုးတကြီးတိုက်ခိုက်တာကို ယူနိုက်တက်ပရိသတ်တွေကလည်း ဒေါသထွက်ကာ ပြန်လည်တုံ့ပြန်မှုတွေ လုပ်လေ့ရှိပါတယ်။ 

Share

Loading Next Article...
က္က