မီထရိုဗစ်ရဲ့ အနိုင်ဂိုးက သူတို့ကို နောက်ကောက်ချနိုင်ခဲ့ပြီး နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုကို ကွင်းထဲမှာပါ ထိုင်မှိုင်နေစေခဲ့ကာ ဆာဘီးယားတို့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ပွဲစဉ်မှာမှ ပေါ်တူဂီဟာ ဆာဘီးယားကို အိမ်ကွင်းမှာပဲ အံ့အားသင့်ဖွယ်ရာအရေးနိမ့်သွားခဲ့ပါတယ်။ မိနစ် ၉၀ အထိ ခြေစစ်ပွဲအောင်မြင်တဲ့လက်မှတ်က ပေါ်တူဂီလက်ထဲမှာ ရှိနေခဲ့ပေမယ့် မီထရိုဗစ်က ဆာဘိးယားအတွက် သမိုင်းဝင်အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက်မှာ ကာတာကို သွားခွင့်ရမယ့် လက်မှတ်က သူတို့လက်ထဲ လွှဲပြောင်းရောက်ရှိသွားခဲ့ပါတယ်။
သရေကျတာနဲ့ ခြေစစ်ပွဲအောင်မြင်မယ့် ပေါ်တူဂီဟာ ရီနာတိုဆန်းချက်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့လို့ အခြေအနေတော်တော်လေးကောင်းမွန်နေခဲ့ပါတယ်။ ဒါပေမယ့် တာဒစ်ရဲ့ ချေပဂိုး၊ မီထရိုဗစ်ရဲ့ အနိုင်ဂိုးတွေက သူတို့ကို နောက်ကောက်ချနိုင်ခဲ့ပြီး နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုကို ကွင်းထဲမှာပါ ထိုင်မှိုင်နေစေခဲ့ကာ ဆာဘီးယားတို့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ပါတယ်။
ရော်နယ်ဒိုတယောက် ပေါ်တူဂီအတွက် ၂ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီအနေနဲ့ ပလေးအော့မှာ ဘယ်အသင်းနဲ့ကစားရဦးမလဲဆိုတာကို စောင့်ဆိုင်းရဦးမှာဖြစ်ပြီး နောက်ဆုံးအခွင့်အရေးကို လက်မလွှတ်စေရဖို့တော့ လိုအပ်နေပြီဖြစ်ပါတယ်။