ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးစာရင်းကို ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။

မက္ကာဘီဟိုင်ဖာနဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီးတဲ့နောက် မက်ဆီရဲ့ ချန်ပီယံလိဂ်စုစုပေါင်းသွင်းဂိုးက ၁၂၉ ဂိုးအထိ ရှိလာခဲ့ပါပြီ။ ဒါက ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဂိုးပေါင်း ၁၄၀ နဲ့ ရပ်တည်နေတဲ့ ရော်နယ်ဒိုကို လိုက်မီဖို့ ၁၁ ဂိုးသာ လိုအပ်တော့တာာဖြစ်ပြီး ဒီရာသီမှာ ဆက်လက်ကစားရဦးမယ့် ပွဲတွေရှိနေသေးတာကြောင့် လိုက်မမီရင်တောင် အနိးကပ်ဆုံးအနေအထားထိကို မက်ဆီက ရောက်လာဖွယ်ရှိနေပါတယ်။ 

ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့လို့ ရော်နယ်ဒိုကတော့ ဝင်ကစားခွင့်မရဘဲ ယူရိုပါလိဂ်မှာ ကစားနေရတာကလည်း သွင်းဂိုးကွာဟမှုကို ပိုပြီးတော့ လျှော့ချနိုင်မယ့် အခွင့်အရေးအဖြစ် မက်ဆီပိုင်ဆိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ စံချိန်ကို တဖြည်းဖြည်းလိုက်မီဖို့ဖြစ်လာတဲ့ မက်ဆီကို ကြည့်ပြီး အိပ်မပျော်တဲ့ညတွေ ဖြစ်နေမှာကတော့ သေချာပါတယ်။ 


အားလုံးရဲ့အထက်မှာ အမြဲတမ်းရပ်တည်ချင်းပြီး မစ္စတာချန်ပီယံလိဂ်လို့ တင်စားခံထားရတဲ့ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပြတ်ပြတ်သားသားရပ်တည်နေခဲ့တာကြာပါပြီ။ မက်ဆီကတော့ ဂိုးပေါင်း ၂၀ ကျော်ကွာဟမှုကို တဖြည်းဖြည်းနဲ့ လျှော့ချလာခဲ့ပြီး ဒီရာသီမှာ ၄ ဂိုးအထိ ရရှိထားခဲ့ပြီးဖြစ်ပါတယ်။
 


အုပ်စုအဆင့်ပွဲစဉ် ၁ ပွဲနဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် နှစ်ကျော့အထိ သေချာပေါက်ကစားဖို့ရှိနေသေးလို့လည်း နောက်ထပ်ဂိုးတွေ သွင်းယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တကယ်လို့ မက်ဆီသာ လိုက်မီခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒိုက သူ ပြတ်ပြတ်သားသားအသာစီးရရှိထားတဲ့ စံချိန်မှာ မက်ဆီနဲ့အတူ ပူးတွဲရပ်တည်ရတာ၊ ဒါမှမဟုတ် ကျော်တက်ခံရမှာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ 


ဒီရာသီမှာပဲ မတူညီတဲ့ကလပ်အသင်းတွေကို ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်၊ ဧရိယာပြင်ပကနေ ဂိုးသွင်းယူနိုင်မှုစံချိန်တွေမှာ မက်ဆီက ရော်နယ်ဒိုကို ကျော်ဖြတ်ထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က