မာရှယ်လ်ကတော့ ယူနိုက်တက်ပရိသတ်အချစ်တော်ဖြစ်လာခဲ့ပါပြီ။

ယူနိုက်တက်ပရိသတ်တွေဟာ လက်ရှိနွေရာသီခြေစမ်းပွဲတလျှောက် မာရှယ်လ်ရဲ့ခြေစွမ်းကိုမြင်ပြီးတဲ့နောက် ရော်နယ်ဒိုကို မလိုအပ်တော့ဘူးလို့ ဆိုရှယ်မီဒီယာပေါ်မှာ အပြိုင်အဆိုင် မှတ်ချက်ပေးနေကြပါတယ်။ မာရှယ်လ်ဟာ လက်ရှိတန်ဟက်ခ် လက်ထက် ကစားခဲ့ပြီးသမျှ ခြေစမ်းပွဲသုံးပွဲလုံးမှာ တပွဲတဂိုးနှုန်းနဲ့ သုံးဂိုးအထိ သွင်းယူထားပါတယ်။



လီဗာပူးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေက တော်တော်လေးကို ကောင်းမွန်ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း မာရှယ်လ်က ယူနိုက်တက်ရရှိခဲ့တဲ့ သွင်းဂိုးသုံးဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ဂိုးအတွက် လှပတဲ့ဘောလုံးအထိန်းအသိမ်းကိုပြသခဲ့သလို ဖန်တီးပေးသူ ဗန်ဒီဘိခ်ဆီကိုလည်း ဂိုးသမားကို ကျော်ဖြတ်ကာ ခင်းပေးခဲ့ပါတယ်။

ဒါ့အပြင် ဆန်ချိုရဲ့ဂိုးအတွက် မာရှယ်လ်က ဆန်ချိုရဲ့ပြေးလမ်းကြောင်းထဲကို ချိန်သားကိုက်ခင်းပေးနိုင်ခဲ့ပြီး ဆန်ချိုက ယူနိုက်တက်အတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မာရှယ်လ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ရုန်းကန်ခဲ့ရပေမယ့် လာမယ့်ရာသီသစ် နည်းပြသစ်တန်ဟက်ခ်လက်ထက်မှာ အခွင့်အရေးရဖို့အတွက် အခု နွေရာသီမှာ အကောင်းဆုံး သက်သေပြလျက်ရှိပါတယ်။

လက်ရှိအနေအထားအရ ရော်နယ်ဒိုက ချန်ပီယံလိဂ်ကစားချင်တာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာလိုပါတယ်။ ဒီကစားသမားကို ခေါ်ယူမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းမရှိတာက ပြဿနာတရပ်လိုဖြစ်နေပြီး မာရှယ်လ် ခြေစွမ်းပြချိန်မှာတော့ ရော်နယ်ဒိုကို မလိုတော့ဘူးလို့ ဆိုလာကြတာပါ။ ပရိသတ်တွေက “ရော်နယ်ဒိုကို အခုထွက်ခိုင်းလို့ရပါပြီ။ မာရှယ်လ်ပြန်လာပါပြီ”

“ဒါမျိုးပြောရမယ်လို့ တခါမှမစဥ်းစားခဲ့ဖူးပေမယ့် ရော်နယ်ဒိုထက် မာရှယ်လ်ကို ပိုပြီး ပွဲထွက်ခွင့်ပေးသင့်ပါတယ်” “ရော်နယ်ဒိုကို ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့မှာ ပွဲထွက်ခွင့်ပေး၊ မာရှယ်လ်ကို ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲထွက်ခွင့်ပေးလိုက်ပါ” လို့ အမျိုးမျိုး ဝေဖန်သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က