ဘောလုံးအဖွဲ့ချုပ်နဲ့ အစိုးရကြား သဘောတူညီထားပြီးဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မှာဖြစ်ပါတယ်။


Cabine Desportiva ရဲ့ ဖော်ပြချက်အရ ဆာဘီးယားအသင်းအနေနဲ့ ဒီနေ့ကစားရမယ့် ပေါ်တူဂီနဲ့ပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဆုကြေးအဖြစ် ယူရိုတသန်းအထိ ရရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မှာဖြစ်ပါတယ်။

ပေါ်တူဂီကတော့ သရေကျတာနဲ့ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး ဆာဘီးယားက မဖြစ်မနေနိုင်ပွဲရအောင်ကစားရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဆာဘီးယားကစားသမားတွေကို စိတ်အားတက်ကြွစေဖို့အတွက် ဆုကြေးငွေကို မက်လုံးအဖြစ်ပေးထားတာဖြစ်ကာ ဆာဘီးယားအစိုးရနဲ့ ဘောလုံးအဖွဲ့ချုပ်ကြားမှာလည်း သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

လစ္စဘွန်းမှာကစားရမယ့် ဒီပွဲဟာအကြိတ်အနယ်ပွဲကြီးပွဲကောင်းဖြစ်လာဖို့ ရှိနေပါတယ်။ ပေါ်တူဂီနည်းပြဆန်းတို့စ်ကလည်း သူတို့အနေနဲ့ သရေကျတာနဲ့ ကာတာကို သွားခွင့်လက်မှတ်ရရှိမှာဖြစ်ပေမယ့် သရေရဖို့အတွက် ရည်ရွယ်မကစားဘူးလို့ ပြောဆိုထားပါတယ်။ ပေါ်တူဂီကတော့ နောက်ဆုံးကစားထားတဲ့ခဲ့ပွဲမှာ အိုင်ယာလန်နဲ့ ဂိုးမရှိသရေကျထားခဲ့ပြီး အုပ်စုတွင်းမှာ သူတို့နှစ်သင်းက ၁၇ မှတ်စီရရှိထားကြကာ ဂိုးကွာခြားချက်အသာနဲ့ ပေါ်တူဂီက ဦးဆောင်နေတာဖြစ်ပါတယ်။ 

အုပ်စုဒုတိယရရှိတဲ့အသင်းအနေနဲ့ ပလေးအော့ကစားရဖို့ရှိနေသေးပြီး အခွင့်အရေးတော့ ကျန်နေဦးမှာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ဆာဘီးယားနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲကို ရှုံးပွဲမရှိထားဘူးလို့ သိရပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဆာဘီးယားက နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခြေစွမ်းပြသထားကာ လစ္စဘွန်းမှာ ပေါ်တူဂီကို အန္တရာယ်ပေးနိုင်တဲ့ အသင်းတသင်းအနေအထားမှာ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က