ဒီနေ့မှာ စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အီတီဖက်အသင်းနဲ့ ဆော်ဒီလိဂ်အဖွင့်ပွဲကစားရမယ့် အယ်လ်နာဆာဟာ အသင်းလူစာရင်းကနေ ရော်နယ်ဒိုကို ဖယ်ထုတ်ပြီး အနားပေးဖွယ်ရှိတယ်လို့ သိရပါတယ်။ အာရပ်ကလပ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက်မှာ အယ်လ်နာဆာက ဆော်ဒီလိဂ်အဖွင့်ပွဲကို အဝေးကွင်းပွဲစဉ်အဖြစ် ကစားရမှာပါ။
ဒါပေမယ့်လည်း ဒီပွဲမှာတော့ ရော်နယ်ဒိုကို အနားပေးဖို့အတွက် နည်းပြက ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အာရပ်ကလပ်ဖလားပွဲမှာ အသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့ပြီး ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ပွဲဆက်များနေတာမို့ အနားပေးဖို့ လိုအပ်တယ်လို့ ယူဆခဲ့တာ ဖြစ်နိုင်ပါတယ်။
ရော်နယ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် နည်းပြဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျနေပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ ပွဲတွေဆက်တိုက်ကစားခဲ့ရပြီး အာရပ်ကလပ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်းဝင်ကစားပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
သူ ခြေစွမ်းပြနေတာ မှန်ပေမယ့်လည်း အသက်အရွယ်အရတော့ အကန့်အသတ်နဲ့သာ ကစားနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို အနားပေးမယ်ဆိုတဲ့ သတင်းက ဖြစ်နိုင်ဖွယ်ရာရှိနေပါတယ်။