ပွဲထွက်ကစားသမားစာရင်း အပြောင်းအလဲလုပ်တဲ့အပေါ် ဆိုးလ်ရှားကပြောကြားလာတာပါ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဒီနေ့ညနေ အဲဗာတန်နဲ့ပွဲအတွက် ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲလုပ်ခဲ့တဲ့အပေါ် ရှင်းလင်းပြောကြားလိုက်ပါတယ်။



ဒီပွဲမှာ ဆိုးလ်ရှားက ကြားရက် ဗီလာရီးရဲယ်ကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို (၅) နေရာလောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီပြ်ခ) နေရာလောက်အထိ အပြောင်းအလလဲပ်ငန်းဆောင်တာတ့်--း မာစီရယ်လ်နဲ့ကာဗာနီ ပွဲထွက်လာခဲ့သလို ရော်နယ်ဒိုက အရံခုံမှာသာ ရှိနေခဲ့တာပါ။


ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဆိုးလ်ရှားက “ဗုဒ္ဓဟူးနေ့ညက အများကြီး အားစိုက်ထုတ်ခဲ့ရပြီး စိတ်အား၊ လူအားတော်တော်လေး အသုံးချခဲ့ရတာပါ။ ဒီတော့ ဒီလိုမျိုးအစောပိုင်းကစားရတဲ့ပွဲမှာ လန်းဆန်းနေဖို့ လိုအပ်တယ်လေ”

“ပွဲရဲ့အစပိုင်းက အရမ်းအရေးကြီးပြီး အရမ်းကောင်းတဲ့ကစားသမားအချို့ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒီအသင်းလိုက် အနေအထားကို ကျွန်တော်တို့ ယုံကြည်ပြီးသားပါ။ ကာဗာနီနဲ့မာစီရယ်လ်တို့က ကစားသမားကောင်းတွေဆိုတာ သက်သေပြဖို့ လိုသေးလို့လား?”

“သူတို့က ကစားသမားကောင်းတွေဖြစ်ပြီး အသင်းအတွက် သူတို့က အရမ်းအရေးပါတဲ့ ကစားသမားတွေဆိုတာကိုသိထားပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာအောင်မြင်မှုရဖို့အတွက်ဆိုရင် အလှည့်ကျကစားဖို့ လိုအပ်ပြီး ပွဲကစားချိန်တွေကို သေချာခွဲခြား ကွပ်ကဲဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် အင်အားကြီးမားတဲ့ ကစားသမားစာရင်းဖြစ်လာအောင် သေချာပေါက် လုပ်သွားမှာဖြစ်ပြီး ကစားသမားတိုင်းက ပွဲထွက်ကစားဖို့အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန်ကလည်း သူတို့ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်၊ ကဲလ်ဗက်လီဝင်တို့ ပါဝင်နိုင်ခြင်းမရှိဘဲ ယူနိုက်တက်ကလည်း ကစားသမားစာရင်းကို အပြောင်းအလဲလုပ်ထားတာကြောင့် ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ 

Share

က္က