ရော်နယ်ဒိုရဲ့ အနာဂတ်ကတော့ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါပြီ။

အသင်းကနေ သူ ထွက်ချင်တယ်လို့ ရော်နယ်ဒိုက အသိပေးရင်းနဲ့ သူ့ရဲ့ကစားသမားဘ၀တလျှောက်လုံးကို ချန်ပီယံလိဂ်မှာပဲ ဝင်ကစားချင်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း The Times က ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်က အဆင့် ၆ နေရာနဲ့သာ ရာသီသိမ်းခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေကလည်း နှမျောတသဖြစ်စရာရှိနေခဲ့ပါတယ်။ 

ရော်နယ်ဒိုက သူ့အနေနဲ့ နောက်ထပ် သုံးလေးနှစ်လောက် ထိပ်တန်းအဆင့်မှာရှိနေဦးမယ်လို့ ယုံကြည်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ နည်းပြသစ်အဖြစ် တန်ဟက်ဂျ်ကို ခန့်အပ်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ လုပ်ဆောင်မှုတွေက ရော်နယ်ဒိုမြင်ချင်တဲ့ အတိုင်းအတာမှာရှိမနေခဲ့ဘူးလို့ သိရကာ အခုလိုမျိုး အသင်းကထွက်ခွင့်ပေးဖို့ တောင်းဆိုတဲ့အထိဖြစ်လာခဲ့တာပါ။ 

Betfair လောင်းကစားကုမ္ပဏီကတော့ ရိုးမားက ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် ၁၀လေး ၃ လေးရှိတယ်လို့ ဖွင့်လှစ်သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်က ၄လေး ၁လေး နဲ့ ဒုတိယနေရာမှာ ရေပန်းစားနေကာ ရော်နယ်ဒိုရဲ့ အသင်းဟောင်းရီးရဲလ်မက်ဒရစ်က ၆လေး ၁လေး၊ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က ၁၄လေး ၁လေးရှိတယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်စ်နဲ့ စပို့တင်းလစ္စဘွန်းတို့ကတော့ ၂၅လေး ၁လေးစီနဲ့ ဖွင့်လှစ်ထားကြောင်းသိရပါတယ်။ Betfair ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sam Rosbottom ကတော့ "သူ အသင်းက ထွက်ချက်တယ်လို့ ပြောပြီးတဲ့နောက်မှာ ဟိုဆေးမော်ရင်ဟိုနဲ့ ပြန်ပူးပေါင်းဖို့အတွက်က ရေပန်းအစားဆုံးပါပ၊ ဘိုင်ယန်ကလည်း သူ့ကို ခေါ်ယူနိုင်ပါတယ်၊ ပြီးတော့ ပြီးခဲ့တဲ့တပတ်တွေမှာပဲ သူ ချယ်လ်ဆီးနဲ့ချိတ်ဆက်ခဲ့ပါသေးတယ်" လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် ရိုးမားနဲ့ ချယ်လ်ဆီးက ပိုမိုရေပန်းစားလာဖွယ်ရာရှိနေပြီး ရော်နယ်ဒိုရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က