ပေါ်တူဂီရဲ့ အကောင်းဆုံးကစားသမားကို သူချန်လှပ်ထားမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

ပေါ်တူဂီနည်းပြ မာတီနက်ဇ်ကတော့ ရော်နယ်ဒိုအပေါ် သူ ဘယ်လောက်ထိ အားကိုးအားထားပြုလဲဆိုတာကို ထုတ်​ေဖော်ပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပေါ်တူဂီနည်းပြသစ်အဖြစ် တာဝန်ယူပြီးနောက် အသင်းကို ပွဲတိုင်းအနိုင်ရအောင် စွမ်းဆောင်ပေးထားပြီး ယူရိုခြေစစ်ပွဲကိုလည်း အောင်မြင်စေခဲ့သူ ဖြစ်ပါတယ်။ 

သူ့လက်ထက်မှာ ပေါ်တူဂီက တော်တော်လေးခြေစွမ်းပြနေပြီး ၈ ပွဲကစား၊ ၈ပွဲနိုင်ကာ ၃၂ ဂိုးသွင်းပြီး ၂ ဂိုးတည်းသာ ပြန်ပေးခဲ့ရပါတယ်။ ရော်နယ်ဒိုကို သူက အဓိကတိုက်စစ်မှူးအဖြစ်နဲ့ အသုံးပြုနေကာ ပေါ်တူဂီသားကြီးကလည်း ခြေစွမ်းပြခဲ့ပြီး ယူရိုခြေစစ်ပွဲတလျှောက် ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

မာတီနက်ဇ်က "ရော်နယ်ဒိုကို လူစာရင်းကနေ ချန်ထားခဲ့ဖို့အတွက် ဘယ်နည်းနဲ့မှ ကျနော်မလုပ်နိုင်ပါဘူး၊ ဒါက ဘောလုံးလောကမှာ အကြီးမားဆုံး ရာဇဝတ်မှုပါပဲ၊ ခရစ္စတီယာနိုက အတွေ့အကြုံအများဆုံး ကစားသမားပါ၊ အသင်းအတွက်ဆိုရင် ကစားသမားတဦးချင်းစီကနေ အကောင်းဆုံးရလဒ်တွေ ရအောင်လုပ်ဖို့ လိုအပ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 



ရော်နယ်ဒိုကတော့ အသက် ၃၈ နှစ်အရွယ်ရှိနေပြီဆိုပေမယ့် အကောင်းဆုံးပုံစံမှာ ကစားနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက မော်ရိုကိုနဲ့ပွဲမှာ သူ့ကို နည်းပြဆန်းတို့စ်က အရန်ခုံပို့ခဲ့ကာ အသင်းအရေးနိမ့်ခဲ့လို့ ဝေဖန်မှုအများအပြားကို ရင်ဆိုင်ခဲ့ရပြီး ရာထူးကပါ ထွက်ခွာခဲ့ရပါတယ်။ 



မာတီနက်ဇ်က ရော်နယ်ဒိုကို ပစ်ပယ်လို့မရဘူးဆိုတာ ကောင်းကောင်းနားလည်ထားပြီး ပွဲတိုင်းမှာ အသုံးပြုနေတာပါ။ အသင်းနိုင်ပွဲရတာ သေချာပြီဆိုမှ လူစားလဲပြီး အနားပေးတာမျိုးလုပ်ကာ ပေါ်တူဂီကစားသမားကို ဦးစားပေးနေတာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က