ကိုလာသောက်ပြီး ကွင်းအတွင်းပြေးပတ် အောင်ပွဲခံခဲ့တာပါ။

ဆာဘီးယားကို ကာတာဆီ အရောက်ပို့ပေးနိုင်ခဲ့တဲ့ အနိုင်ဂိုးကို မီထရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး သမိုင်းဝင်အောင်မြင်မှုကို ဆာဘီးယားတို့ ရယူနိုင်ခဲ့ပါတယ်။ 


ပေါ်တူဂီကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့နောက် ဆာဘီးယားတိုက်စစ်မှူးမီထရိုဗစ်ဟာ ရော်နယ်ဒိုကို ရည်ရွယ်လှောင်ပြောင်ကာ အောင်ပွဲခံခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဆာဘီးယားကို ကာတာဆီ အရောက်ပို့ပေးနိုင်ခဲ့တဲ့ အနိုင်ဂိုးကို မီထရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး သမိုင်းဝင်အောင်မြင်မှုကို ဆာဘီးယားတို့ ရယူနိုင်ခဲ့ပါတယ်။ 

ပွဲအပြီး ကွင်းအတွင်းမှာ ပရိသတ်တွေမရှိတော့တဲ့အချိန်မှာ မီထရိုဗစ်က အောက်ခံဘောင်းဘီတိုသာဝတ်ဆင်ထားပြီး ဆာဘီးယားအလံခြုံကာ ကိုလာဗူးမော့သောက်ပြီး ကွင်းအတွင်းပြန်ဝင်လာကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူရိုပြိုင်ပွဲတုန်းက သတင်းစာရှင်းလင်းပွဲမှာ ကိုလာမသောက်ဖို့အတွက် ပြောဆိုခဲ့တဲ့ ရော်နယ်ဒိုကို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေကြတာဖြစ်ပါတယ်။



အဆိုပါအချိန်တုန်းက ကိုလာကုမ္ပဏီဟာ ရော်နယ်ဒိုရဲ့ ပြောစကားတခွန်းကြောင့် ရှယ်ယာစျေးနှုန်းတွေပြုတ်ကျခဲ့ပြီး ဒေါ်လာ ၅.၂ ဘီလီယံအထိ ဆုံးရှုံးခဲံရပါတယ်။ အခုတော့ မီထရိုဗစ်က ကိုလာကုမ္ပဏီအတွက် လက်စားချေပေးခဲ့တာဖြစ်တယ်လို့ Sportbible က တင်စားရေးသားခဲ့ပြီး ပရိသတ်တွေကလည်း သက်သက်လှောင်ပြောင်တာဖြစ်တယ်လို့ အခိုင်အမာယုံကြည်နေကြပါတယ်။ 



မီထရိုဗစ်က ဒီလိုပြုလုပ်ခဲ့သလို ဆာဘိးယားပရိသတ်တွေကလည်း SIUUUU လို့ အော်ဟစ်ကာ ရော်နယ်ဒိုရဲ့ နာမည်ကျော်အောင်ပွဲခံဟန်အတိုင်း ပူးပေါင်းအောင်ပွဲခံခဲ့ကြပါသေးတယ်။ လစ္စဘွန်းမြို့ပေါ်မှာ ဆာဘီးယားပရိသတ်တွေ အားပါးတရအောင်ပွဲခံခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီသားတွေအတွက်တော့ ခံပြင်းစရာ၊ နာကြည်းစရာ မြင်ကွင်းတွေဖြစ်လာခဲ့ရပါတယ်။ 

Share

က္က