ဝက်ဖို့ဒ်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ရာနီရေးနီဟာ ဒီတပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကျီစယ်သွားခဲ့တာလည်းဖြစ်ပါတယ်။
ဝက်ဖို့ဒ်အသင်းနည်းပြရာနီရေးနီက သူ့အသင်းမှာ အချိန်ပြည့်ကစားခွင့်ပေးမယ့် မက်လုံးနဲ့ ရော်နယ်ဒိုကို ကမ်းလှမ်းနိုင်တယ်လို့ နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ ဝက်ဖို့ဒ်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ရာနီရေးနီဟာ ဒီတပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကျီစယ်သွားခဲ့တာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၈ ပွဲကစားပေးထားရာမှာ ၄ ဂိုသွင်းပြီး ၁ကြိမ်ဖန်တီးပေးထားသူဖြစ်ပါတယ်။ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ကစားခွင့်ရနေပေမယ့်လည်း အသင်းဖော်တွေဆီက လုံလောက်တဲ့ထောက်ပံ့ပေးမှုတွေကို ရဖို့က ရော်နယ်ဒိုအတွက် ခက်ခဲနေပြီး တချို့ပွဲတွေမှာ အရန်ခုံမှာတောင် ထိုင်နေခဲ့ရသူဖြစ်ပါတယ်။
ရာနီရေးနီက "ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးပါ၊ ဘောလုံးလောကအတွက်လည်း သူက လူကောင်းတစ်ဦးဖြစ်ပါတယ်၊ လူငယ်ကစားသမားအများအပြားက သူ့ကိုကြည့်ပြိး ကြိုးစားနေကြတယ်ထင်ပါတယ်၊ ကျွန်တော့်ကို ရော်နယ်ဒိုသာပေးပါ၊ ကျွန်တော့်အတွက် ဘာပြသနာမှမရှိပါဘူး၊ သူ့ကို မိနစ်တိုင်း ကစားခွင့်ပြုသွားမှာပါ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။