ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ယူနိုက်တက်နည်းပြ တန်ဟက်ခ်အနေနဲ့ ရော်နယ်ဒိုကို ချဲလ်ဆီးနဲ့ ကစားမယ့် ပွဲလူစာရင်းကနေ ဖယ်ရှားပြီး လူငယ်အသင်းနဲ့သာ လေ့ကျင့်ခန်းဆင်းခိုင်းခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် သွယ်ဝိုက်ထောက်ခံလိုက်ပါတယ်။ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ဒီကနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်တော့မှာပါ။



ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပေါ်တာက “တန်ဟက်ခ်က သူ့ခံယူချက်အတိုင်း ရပ်တည်နေပြီး တခါတလေမှာ ဒါကို အကောင်အထည်ဖော်ရပါမယ်။ အသင်းကလည်း သူ့ရဲ့ ပံ့ပိုးမှုနဲ့အတူ လုပ်ခဲ့တာပါ။ ဇာတ်လမ်းအပြည့်အစုံကို ကျနော် မသိပါဘူး။ ဒီတော့ အပြည့်အဝ မှတ်ချက်ပေးဖို့ ကျနော့်အတွက် ခက်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအမြင်ကကြည့်မယ်ဆိုရင် ခင်ဗျားအနေနဲ့ အသင်းအတွက်၊ ပတ်ဝန်းကျင်အတွက် ကောင်းမယ်ဆိုရင် လုပ်ရပါမယ်”

“ရေတိုအတွက်ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ်လည်း ခင်ဗျားဆီ ပြန်ရောက်လာနိုင်တဲ့ အကျိုးဆက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ကိုယ်မှန်တယ်ထင်ရင် ဒါကို လုပ်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ လူစားဝင်ကစားဖို့ တန်ဟက်ခ်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာခဲ့ဘဲ ပွဲသိမ်းခရာမမှုတ်ခင် အဝတ်လဲခန်းထဲဝင်သွားတာကြောင့် အခုလိုပဲ အရေးယူခံရတာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နည်းပြ ပေါ်တာလက်ထက်မှာ ရှုံးပွဲမရှိသေးဘဲ သရေနှစ်ပွဲနဲ့ ကျန်တဲ့ပွဲအားလုံးကို အနိုင်ရရှိကာ ပုံစံကောင်းပြသထားပါတယ်။ တန်ဟက်ခ်ရဲ့ ယူနိုက်တက်ကလည်း ဒီရာသီ လန်ဒန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်၊ စပါးတို့ကို အိမ်ကွင်းမှာ အနိုင်ယူထားတာကြောင့် ဒီကနေ့ည ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲမှာရော ရလဒ်ကောင်းရနိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ပုံစံကောင်းပြသခဲ့ပြီး စိတ်ကြိုက် လွှမ်းမိုးချယ်လှယ်နိုင်ခဲ့ပါတယ်။ ဒီကနေ့ည ချဲလ်ဆီးနဲ့ပွဲမှာလည်း အဆိုပါပွဲက ကစားသမားစာရင်းအတိုင်း ကြီးကြီးမားမား ပြောင်းလဲမှုမရှိဘဲ တန်ဟက်ခ်တယောက် အသင်းကို ပွဲထုတ်လာဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က