အုပ်စုနောက်ဆုံးပွဲမှာ ဝင်ကစားခိုင်းတာပါ။

အာဆင်နယ်ကစားသမားဟောင်းကြီး ပေါလ်မာဆင်က ဒီနေ့ စတင်တော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းထားသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ ဒီနှစ်ယူရိုမှာလည်း ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာဖို့ ရှိနေပါတယ်။



ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတုန်းက ပေါ်တူဂီနည်းပြဟောင်း ဘရူနိုဆန်းတို့စ်က ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းခဲ့တာတွေရှိပါတယ်။ အဲ့ဒါကြောင့်လည်း ဝေဖန်သံတွေ ပြင်းထန်ခဲ့ပြီး ပေါ်တူဂီ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ရချိန်မှာတော့​ ဒါက အပြစ်တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။

အခု ယူရိုနဲ့ပတ်သက်လို့လည်း ပေါလ်မာဆင်က “ရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်နေသည့်တိုင် ပေါ်တူဂီလက်ရွေးစင် အသင်းမှာ ပါဝင်နေဆဲပါ။ သူတို့ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်နေပြီး ဆော်ဒီလိဂ်မှာလည်း ဂိုးတွေ သွင်းခဲ့ပါသေးတယ်။ ဒါပေမယ့် စခန်းသွင်းလေ့ကျင့်ချိန်မှာ သူ့ရဲ့ အနေအထားကို မြင်ကြမှာပါ”

“ကျနော် ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင်တော့ ရော်နယ်ဒိုကို အုပ်စုအဖွင့်နှစ်ပွဲမှာ အရန်ခုံထိုင်ခိုင်းချင်ပါတယ်။ အဲ့ဒီနှစ်ပွဲမှာ နိုင်အောင်ကစား၊ အုပ်စုတက်ဖို့ သေချာပြီးမှ သူ့ကို နောက်ဆုံးပွဲမှာ ဝင်ကစားခိုင်းလိုက်ပေါ့။ တကယ်လို့ သူ အဲ့ဒီပွဲမှာ ပုံစံကောင်းပြနိုင်ရင် ရှုံးထွက်အဆင့်မှာ ဆက်ကစားခိုင်းလို့ရပါပြီ”

“ဒါကမှ နည်းမှန်လမ်းမှန်ဖြစ်မှာပါ။ ဆော်ဒီလို ဘောလုံးအဆင့်အတန်း နိမ့်ကျတဲ့ နေရာမှာ ကစားလာခဲ့ပြီးမှ ယူရိုပြိုင်ပွဲကြီးလို နေရာမျိုးမှာ ကစားခိုင်းတာက အရမ်းကို အဆင့်ကျော်သလို ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က