ပရိသတ်တွေက ဆီမြွန်နီကို ခြိမ်းခြောက်ထားတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို မခေါ်ယူဖို့ အက်သလက်တီကိုပရိသတ်တွေက ဆက်တိုက် ဆန့်ကျင် ကန့်ကွက်နေပြီး နည်းပြ ဆီမြွန်နီအနေနဲ့သာ ရော်နယ်ဒိုကို ခေါ်ယူမိရင် ရာထူးကနေပါ အထုတ်ခံရဖွယ်ရှိပါတယ်။ နူမန်စီယာနဲ့ ကစားခဲ့တဲ့ အက်သလက်တီကိုရဲ့ ရာသီကြိုခြေစမ်းပွဲမှာ အက်သလက်တီကိုပရိသတ်တွေက ဆီမြွန်နီကို အခုလိုပဲ သတိပေးထားတာပါ။



ဒီပွဲမှာ အက်သလက်တီကိုပရိသတ်တွေက “ရော်နယ်ဒိုကို မကြိုဆိုဘူး” ဆိုတဲ့ စာတန်းအကြီးကြီးကို ကွင်းအတွင်း ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသလို သံပြိုင်ဟစ်ကြွေးပြီးတော့လည်း ရော်နယ်ဒိုကို မခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။ ပရိသတ်တွေဟာ “ဆီမြွန်နီ၊ ဆီမြွန်နီ၊ ခင်ဗျား ပရိသတ်တွေပြောတာကို နားထောင်ရမယ်။ တကယ်လို့ ခင်ဗျား ရော်နယ်ဒိုကို ခေါ်လိုက်ရင် ခင်ဗျားအလုပ်ပြုတ်လိမ့်မယ်” လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။



ဒီပရိသတ်တွေဟာ #ContraCR7 ဆိုတဲ့ လှုပ်ရှားမှုကိုလည်း တွစ်တာပေါ်မှာ ပြုလုပ်ခဲ့ကြသလို တရားဝင်ပရိသတ်အဖွဲ့အစည်းဘက်ကလည်း ရော်နယ်ဒိုကိုမခေါ်ယူဖို့အတွက် အသင်းထံ တရားဝင်အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ အက်သလက်တီကိုဥက္ကဌ ဆီရီဇိုကတော့ သူတို့အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူမယ့်သတင်းတွေက မှန်ကန်မှုမရှိကြောင်း ငြင်းဆန်ထားပါတယ်။

ဒါပေမယ့် အက်သလက်တီကိုဟာ ဘာစီလိုနာကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဂရစ်ဇ်မန်းကို အပြီးသတ်ခေါ်ယူပြီး ပြန်လည်ရောင်းချဖို့၊ ဆာအူးလ်နီဂွက်ဇ်ကို ဂျူဗင်တပ်စ်ထံ ရောင်းချဖို့ ကြိုးစားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဒါဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးအရ ပြင်ဆင်မှုအဖြစ် မီဒီယာတွေက ယူဆနေပါတယ်။

အက်သလက်တီကိုပရိသတ်တွေကတော့ မြို့ခံပြိုင်ဘက်ရဲ့ ဂန္တဝင်ဟောင်းတယောက် အသင်းကိုရောက်လာမယ့်အပေါ် လုံးဝလက်ခံလိုခြင်းမရှိဘဲ အခုလိုပဲ ဆီမြွန်နီရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့အထိပါ ခြိမ်းခြောက် ကန့်ကွက်နေကြတာလည်းဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ ယူနိုက်တက်တို့ မနက်ဖြန်မှာ ရာသီကြိုခြေစမ်းပွဲကစားဖို့လည်းရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က