ရော်နယ်ဒိုရဲ့အေးဂျင့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အ​ေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ပြီးခဲ့တဲ့တပတ်က တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြထားမှုမှာတော့ ရော်နယ်ဒိုရဲ့ လက်ရှိအခြေအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့နိုင်ဖို့ စိတ်ကူးက သူတို့ဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာလို့ ဆိုပါတယ်။ 

ရော်နယ်ဒိုက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတနှစ်သာကျန်ရှိတော့တာဖြစ်ပေမယ့် ကလပ်အသင်းကတော့ သူ့ကိုထိန်းသိမ်းထားဖို့ကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒို စိတ်ပျက်နေပြီဆိုတဲ့သတင်းတွေထွက်လာခဲ့တဲ့နောက်မှာ ပေါ်တူဂီသားရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာပါတယ်။ 

ဘိုင်ယန်မြူးနစ်ကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဂျာမနီကလပ်ကတော့ ငြင်းဆန်မှုတွေပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ ဘာကာကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေတာ အချိန်ကာလကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ သဘောတူညီမှုမရရှိသေးဘဲ ရှိနေကာ အခြားသောပစ်မှတ်ကစားသမားတွေကိုလည်း ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။ 

ချယ်လ်ဆီးကတော့ လူကာကူကို အင်တာမီလန်ဆီ အငှားချထားပြီး ဂျူဗီနောက်ခံလူဒီလစ်အတွက် တီမိုဝါနာကို အလိုက်ပေးကာ ကမ်းလှမ်းမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဇီယက်ချ်ကလည်း အေစီမီလန်ကို ပြောင်းရွှေ့ဖို့နိးစပ်နေပြီဖြစ်လို့ ချယ်လ်ဆီးက မဖြစ်မနေ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေတော့ ပြုလုပ်ရဖွယ်ရှိပါတယ်။ ပြီးတော့ ပိုင်ရှင်သစ်အနေနဲ့ တော့ဒ်ဘိုလေက အသင်းပရိသတ်တွေဆီက ယုံကြည်မှုကို ရယူပြဖို့ပါ ရည်ရွယ်ထားပုံရတယ်လို့ ယူဆရပါတယ်။

ရော်နယ်ဒိုကတော့ အမြင့်ဆုံးအဆင့်မှာ ကစားဖို့သာ ဆုံးဖြတ်ထားပြီး ယူနိုက်တက်ကလည်း စျေးကွက်အတွင်းမှာ ငွေကြေးသုံးစွဲကာ ရော်နယ်ဒိုရဲ့ရည်မှန်းချက်ကို ပုံဖော်ဖို့စိတ်အားထက်သန်နေတယ်လို့ The Athletic က ဆိုပါတယ်။ လာမယ့်တနင်္လာနေ့မှာဆိုရင် ယူနိုက်တက်က ရာသီကြိုလေ့ကျင့်မှုတွေကို စတင်တော့မှာဖြစ်ပြီး အသင်းကထွက်ခွာသွားတဲ့ ကစားသမားတွေကလွဲပြီး ကျန်ရှိနေတဲ့သူတွေနဲ့သာ စတင်ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က