မက်ဆီနဲ့ပတ်သက်လို့ ဒီကောလာဟလထွက်ပေါ်လာခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ ရော်နယ်ဒိုနဲ့တသင်းတည်း ကစားလိုခြင်းမရှိဘဲ တကယ်လို့ ရော်နယ်ဒိုကို အသင်းကခေါ်ယူမယ်ဆိုပါက ပီအက်စ်ဂျီကနေ စွန့်ခွာသွားမယ်လို့ အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီကို ခြိမ်းခြောက်ခဲ့ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒီကောလာဟလကိုတော့ El Nacional သတင်းဌာနက ဖော်ပြခဲ့တာပါ။



ရော်နယ်ဒို ယူနိုက်တက်က ထွက်ဖို့ ခွင့်တောင်းထားတဲ့နောက် အဆိုပါ ပေါ်တူဂီလက်ရွေးစင် ကစားသမားကြီးက ဥရောပထိပ်တန်းအသင်းအချို့နဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က ရော်နယ်ဒိုကိုခေါ်မယ့်ကိစ္စနဲ့ပတ်သက်လို့ တရားဝင်ငြင်းဆန်ထားပါတယ်။ ချဲလ်ဆီးကလည်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ တရားဝင်ကြိုးစားခြင်းမရှိသေးပါဘူး။

ထူးထူးခြားခြားပဲ ပီအက်စ်ဂျီက ဒီကြားထဲမှာ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီသာ ရော်နယ်ဒိုအတွက် အမှန်တကယ် ကမ်းလှမ်းလာခဲ့ရင် ကစားသမားဘက်ကလည်း ငြင်းဆန်နိုင်ဖို့ ခက်ခဲပါတယ်။ အဓိကစိန်ခေါ်မှုက မက်ဆီနဲ့ရော်နယ်ဒိုနှစ်ယောက် တသင်းတည်းမှာ တွဲဖက်ကစားဖြစ်မလားဆိုတာပါပဲ။

ခေတ်ပြိုင်ကစားသမားနှစ်ယောက် တသင်းတည်း အတူတွဲကစားခွင့်ရဖို့ ကိစ္စရပ်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေကြပါတယ်။ အချို့ကဖြစ်နိုင်တယ်ဆိုနေကြပေမယ့် ဒါက လက်တွေ့မကျတဲ့ကိစ္စရပ်လို့ ထင်မြင်နေကြသူတွေလည်းရှိပါတယ်။ အခုချိန်မှာလည်း ရော်နယ်ဒိုကို ပီအက်စ်ဂျီက ခေါ်ယူခဲ့ပါက မက်ဆီအနေနဲ့ အသင်းကထွက်ခွာသွားမယ်လို့ အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီကို ခြိမ်းခြောက်ထားကြောင်း အထက်ဖော်ပြပါ သတင်းဌာနကတဆင့် ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ပီအက်စ်ဂျီဟာ အရင်တည်းက မက်ဆီကိုခေါ်ယူပြီးရင် ရော်နယ်ဒိုကိုပါ အဆင့််ဆင့်ခေါ်ယူသွားဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအနေအထားအရတော့ ရော်နယ်ဒိုကို ပီအက်စ်ဂျီတို့ ခေါ်ယူဖို့ ခက်ခဲနေသလို မက်ဆီက ဒီလိုခြိမ်းခြောက်ခဲ့တယ်ဆိုတာကလည်း ကောလာဟလအနေအထားတရပ်မှာသာ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က