ဘဏ္ဍာရေးအရရော၊ အသင်းရဲ့စီမံကိန်းအရပါ ငြင်းဆန်သွားခဲ့တာပါ။

ပြင်သစ်လီဂူးကလပ် မာဆေးလ်ဥက္ကဌ ပါဘလိုလွန်ဂိုရီရာက လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာလည်း ရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်ကြောင်း ကြိုတင်ငြင်းဆန်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ အဆင်မပြေဖြစ်နေပြီး ယူ-၂၁ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေရပါတယ်။



ဒီကစားသမားကို တန်ဟက်ခ်က ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားထားပေမယ့် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက ပြိုကွဲသွားပြီလို့ မီဒီယာတွေက ဆက်တိုက်ဖော်ပြနေပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်လည်း လက်ရှိ ယူနိုက်တက်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် လာမယ့် ဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ ကြိုးစားလာဖွယ်ရှိပါတယ်။

ဒီအချိန်မှာ မာဆေးလ်ဥက္ကဌ လွန်ဂိုရီရာက “ဘောလုံးလောကဆိုတာ ရှင်းလင်းပြတ်သားပါတယ်။ ခင်ဗျားမှာရှိတဲ့ ဘဏ္ဍာရေးမျှခြေနဲ့ ကိုက်ညီတဲ့အရာကိုပဲ လုပ်ဆောင်ရမှာပါ။ ရလဒ်တွေကောင်းဖို့၊ အသင်းတိုးတက်လာဖို့ဆိုပေမယ့် တဖက်မှာလည်း ဘဏ္ဍာရေး တည်ငြိမ်မှုဆိုတဲ့အချက်က ရှိပါသေးတယ်။ (၂၀၂၂) မှာ ဒါက အရေးကြီးပါတယ်။ ကျနော်တို့အတွက် တည်ငြိမ်တဲ့ ဘဏ္ဍာရေးအခြေအနေ လိုအပ်ပါတယ်”

“ရော်နယ်ဒိုလို ကြီးမားတဲ့ကြယ်ပွင့်မျိုး၊ တကိုယ်တော်ကစားသမားမျိုးကို ခေါ်ယူဖို့ စိတ်ကူးစိတ်သန်းက ကျနော်တို့နဲ့ အဝေးကြီးပါ။ ကျနော်တို့က အသင်းအတွက် တဦးချင်းစွမ်းဆောင်ရည်တွေ ပေါင်းစပ်ပေးပြီး အသင်းအတွက် အာရုံစိုက်ပေးမယ့် ကစားသမားမျိုးကိုပဲ ပိုပြီး အာရုံစိုက်ပါတယ်။ လူတိုင်းက စုစည်းမှုရှိရှိနဲ့ အလုပ်လုပ်ပေးဖို့ လိုအပ်တဲ့ စီမံကိန်းမျိုးပဲ ကျနော်တို့မှာရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မာဆေးလ်ဟာ လက်ရှိဘောလုံးရာသီမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဒဏ်ငွေတပ်ရိုက်ခံထားရတဲ့အသင်းတသင်းပါ။ ပြီးခဲ့တဲ့နွေမှာတည်းက ရော်နယ်ဒိုနဲ့ မာဆေးလ်က အလက်ဆစ်ဆန်းချက်ဇ်တို့ကို တွဲပေးရမယ်ဆိုတဲ့အသံတွေ ထွက်ပေါ်ခဲ့ပြီး လွန်ဂိုရီကတော့ လာမယ့်ဆောင်းရာသီအတွက်ပါ ကြိုတင်ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က