ရွိုင်ကိန်းနဲ့ ဆွေးနွေးမှုမှာ ကာရေဂါက ရော်နယ်ဒိုကို ဝေဖန်ခဲ့ဖူးတာပါ။

အာဆင်နယ်နဲ့ပွဲမှာ သွင်းဂိုး ၂ဂိုးရယူပြိး ကစားသမားဘ၀မှာ သွင်းဂိုး ၈၀၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒိုကို ဝေဖန်နေမယ့်အစား ကိုယ့်အလုပ်သာကိုယ်လုပ်စမ်းပါလို့ ဂျင်မီကာရေဂါကို အီဗရာက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ လီဗာပူးလ်နောက်ခံလူဟောင်းကာရေဂါက ပြီးခဲ့တဲ့တပတ်က ရွိုင်ကိန်းနဲ့ ဆွေးနွေးမှုမှာ ရော်နယ်ဒိုက အရင်လိုကစားသမားမျိုးမဟုတ်တော့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒိုခြေစွမ်းပြခဲ့ပြီးနောက် အီဗရာက ကာရေဂါဟာ ရော်နယ်ဒိုကို မုန်းတီးနေတာဖြစ်တယ်လို့ ထိုးနှက်ခဲ့ကာ အလန်ရှီးယားနဲ့ အွန်နရီတို့ကတော့ ပေါ်တူဂီတိုက်စစ်မှူးကိုချိးကျူးခဲ့ကြပါတယ်။ သူတို့ ၃ဦးက ယူနိုက်တက်-အာဆင်နယ်ပွဲစဉ်ကို ဆွေးနွေးခဲ့ကြရာမှာ အီဗရာက အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ 

"ရော်နယ်ဒိုနဲ့ပတ်သက်ပြီး အများကြီးပြောနေကြတယ်၊ ဒါတွေကို ကျွန်တော်နားမလည်နိုင်အောင်ပဲ၊ ကာရေဂါလိုက ကျွန်တော့်အထင် ၇၇၅ ပွဲလား ကစားခဲ့တယ်၊ ဒီနေ့မှာ ရော်နယ်ဒိုက ဂိုးပေါင်း ၈၀၁ ဂိုး ရသွားပြီ၊ အဲလိုလူတွေက ရော်နယ်ဒိုကို ပြောချင်ဆိုချင်နေတာပဲ၊ တခါတလေတော့ လူတွေက ကိုယ့်အလုပ်ကိုယ်ပဲ လုပ်နေဖို့လိုတယ်လို့ ထင်တယ်၊ ဘာလို့မုန်းတီးနေတာလဲဆိုတာကိုလည်း ကျွန်တော်နားမလည်ဘူး၊ သူတို့က အိပ်ယာကနိုးလာရင် ရော်နယ်ဒိုအကြောင်းပဲ ပြောချင်နေတာ" လိုပ အီဗရာက ဆိုပါတယ်။ 

အဆိုပါအချိန်မှာတော့ အလန်းရှီးယားက ကြားဖြတ်ဝင်ရောက်ခဲ့ပြီး "လမ်းမှန်ကမ်းမှန်ဆိုရင်တော့ ၈၀၁ ဂိုးဆိုတာက တော်တော်လေးမဖြစ်နိုင်စရာပါ၊ ကျွန်တော်တို့ (အွန်နရီနဲ့) ဆိုရင် လေ့ကျင့်ရေးကွင်းက ဂိုးတွေကိုပါ ထည့်ပေါင်းမှရနိုင်လိမ့်မယ်" လို့ ဝင်ပြောခဲ့ပါတယ်။ အွန်နရီကလည်း  "သူ့လိုစံချိန်ရဖို့ဆိုရင် ကစားသမားဘ၀ ၂ကြိမ်ဖြစ်မှပဲရမယ်၊ကျွန်တော်ပြန်ကစားနိုင်ရင်တော့ လုပ်နိုင်မယ်ထင်တယ်၊ ပြောသာပြောတာပါ၊ ဖြစ်နိုင်မယ်မထင်ဘူး" လို့ဆိုကာ ထောက်ခံခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က